DVB Logo
Home
မြန်မာသတင်း
အာရက္ခလောင်ပေါ် ပထမဆု ကျပ်သိန်း ၁,၀၀၀ ထိ တိုးမြှင့်ပေးမည်
DVB
·
September 2, 2026
Photo: APM
Photo: APM
Donate to DVB

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာနက ဦးစီးပြီး ရောင်းချနေတဲ့ အာရက္ခလောင်ပေါ် (ထီ) ဆုကို စက်တင်ဘာလမှာ ပထမဆုကို ငွေကျပ်သိန်း ၁,၀၀၀၊ ဒုတိယဆုကို ငွေကျပ် သိန်း ၇၅၀ နဲ့ တတိယဆုကို ငွေကျပ်သိန်း ၅၀၀ အပါအဝင် တခြားဆုတွေနဲ့ အရေအတွက် ကိုလည်း ၄၉ ဆုအထိ တိုးမြှင့်ချီးမြင့်သွားမယ်လို့ အခွန်ဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အာရက္ခလောင်ပေါ် တတိယအကြိမ် ထီဖွင့်ပွဲကို ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ် နေရာတခုမှာ အွန်းလိုင်းက Live လွှင့်ပြီးတော့ လစဉ်ထီဖွင့်ပွဲ ပြုလုပ်ခဲ့နေတာဖြစ်ပြီး စက်တင်ဘာလ အတွက် ထီဆုကြေးငွေတွေကို တိုးမြင့်ပေးလာတာဖြစ်ပါတယ်။

ရခိုင်ပြည်သူတွေရဲ့ ဝယ်ယူမှုနဲ့ စိတ်ဝင်စားမှု မြှင့်တက်နေပြီး ဝယ်ယူအား ဆက်တိုက် မြင့်တက် လာနေတာကြောင့် ဆုကြေးငွေကို တိုးမြှင်လိုက်တာလို့ အခွန်ဌာနနဲ့ နီးစပ်သူက ပြောပါတယ်။

“စက်တင်ဘာလအတွက် အာရက္ခလောင်ပေါ်ထီဆုတွေကို တိုးမြှင့်ပြီး ချီးမြှင့်သွားဖို့ရှိနေပါတယ်။ အဓိကတော့ လောင်ပေါ်အပေါ် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုနဲ့ ဝယ်ယူမှုမြင့်နေတာတွေ ရှိလာတာ ကြောင့် ဆုကြေးငွေကို တိုးမြှင့်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။” 

အာရက္ခလောင်ပေါ်(ထီ)လက်မှတ်တွေကို ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာနက ထီရောင်းချမှုကို ၂၀၂၆ ခုနှစ် ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြည်သူတွေရဲ့ ဝယ်ယူအားပေးမှုတွေဟာ ထီလက်မှတ် တွေ ပြတ်တောက်တဲ့ ရောင်းအားတွေ ကောင်းခဲ့ပါတယ်။

အာရက္ခလောင်ပေါ်(ထီ)ဆုတွေကို စတင်ရောင်းချလတဲ့ ဇွန်လမှာ ပထမဆုကို ကျပ်သိန်း ၅၀၀၊ ဒုတိယဆု ၃၀၀ နဲ့ တတိယဆု ကျပ်သိန်း ၂၀၀ အပါဝင် ဆုငယ်တွေ ဆယ်နဲ့ချီ ချီးမြင့်ခဲ့ရာကနေ ဇူလိုင်လမှာတော့ ပထမဆုကို ကျပ်သိန်း ၇၅၀၊ ဒုတိယဆု ကျပ်သိန်း ၅၀၀ နဲ့ တတိယဆု ကျပ်သိန်း ၄၀၀ အပါဝင် ဆုငယ်တွေကိုလည်း အရေအတွက် တိုးမြင့်ဆုချီးမြှင့်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာက အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာသာ အာရက္ခတပ်တော်က ထီလက်မှတ်တွေကို ရောင်းချပေးနေတာဖြစ်ပြီး ပြည်သူတွေနဲ့ ဝယ်ယူမှုတွေဟာလည်း လစဉ် လတိုင်း လက်မှတ်တွေ ပြတ်တောက်သွားအောင်အထိ လူထုရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာလည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် စီးပွားရေးကျပ်တည်းနေချိန်မှာ လောင်ပေါ်(ထီ)ဆုတွေဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက် တခုဖြစ်လာတာကြောင့် ပြည်သူတွေက လစဉ်လတိုင်း ထီးထိုးမှုတွေဟာ မြင့်တက် နေတယ်လို့ မြောက်ဦးမြို့ခံ လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။

“ရခိုင်ပြည် စစ်ရေးပဋိပက္ခတွေကြောင့် ပြည်သူတွေ စီးပွားရေး ကျပ်တည်းမှုရှိနေချိန်မှာ အစိုးရက တရားဝင် လောင်ပေါ် ဖွင့်ပေးလာတာဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တခုလို စိတ်ဝင်စားမှုကို ရရှိလာတယ်။ အစိုးရဘက်ကလည်း ထီဆုတွေကို လစဉ် လတိုင်း တိုးမြှင့်ပေးလာပြီး ထီလက်မှတ်ခ တွေက တစောင်မှ ၁,၀၀၀ ဆိုတော့ လူတိုင်းက ထိုးနိုင်ကြတယ်လေ။ အဲဒီတာကြောင့် ထီလက်မှတ် တွေ ပြတ်သွားတဲ့ အထိ ရောင်းအားက လုံးဝကျမလာဘူး။”

အာရက္ခလောင်ပေါ်(ထီ)လက်မှတ်တွေဟာ မြို့ပေါ် အခွန်ဌာနနဲ့ အခွန်ဌာနရဲ့ ကိုယ်စားလှယ်တွေဆီ မှာသာ ရောင်းချနေသေးတာကြောင့် ကျေးလက်ဒေသတွေအထိ ဖြန့်ကျက်ရောင်းချဖို့ကိုလည်း ရခိုင်ပြည်သူတွေက လိုလားတယ်လို့ ပြောတယ်။

အာရက္ခလောင်ပေါ်(ထီ)ရဲ့ ဇွန်လ ပထမဆုကို ကျောက်တော်မြို့က အမျိုးသမီးတယောက်နဲ့ ဇူလိုင်လအတွက် ပထမဆုကို မြောက်ဦးမြို့က အမျိုးသားတယောက်ပေါက်ခဲ့ကာ ဩဂုတ်လ အတွက် ပထမဆုကို အဥ္ဇနပူရ(မင်းပြား)က ပေါက်သွားတယ်လို့ ကနဦးသိထားရပါတယ်။

အာရက္ခလောင်ပေါ်(ထီ)ကို လက်မှတ်ရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဆုချီးမြှင့်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ရခိုင်ပြည်နယ်ရှိ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အသုံးပြု သွားမယ်လို့ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာနက ထုတ်ပြန်ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013