DVB Logo
Home
မြန်မာသတင်း
BRT ဘတ်စ်ကားများကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ စတင်ပြေးဆွဲမည်
DVB
·
February 2, 2016
BRT ဘတ်စ်ကားများကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ စတင်ပြေးဆွဲမည်
1 / 6
Donate to DVB

လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပထမဆုံး အများပိုင် BRT (Bus Rapid Transit)ဘတ်စ်ကား ၁၈ စီးနဲ့ BRT ကား လမ်းကြောင်း ၁ မှာ စတင် ပြေးဆွဲမှာ ဖြစ်ပါတယ်။

ဒီလအကုန်မှာကား ၄၅ စီး ထပ်မံရောက်လာဖို့ရှိပြီး လမ်းကြောင်း ၂ မှာ ပြေးဆွဲမှာဖြစ်ပါတယ်။ လူတဦးကို တစ်ခါစီး ကျပ် ၃၀၀ ကောက်ခံမှာဖြစ်ပြီး anypay ကတ်နဲ့ စီးရမှာဖြစ်ပါတယ်။ BRT ဘတ်စ်ကားတွေအတွက် သတ်မှတ်ထားတဲ့ မှတ်တိုင်တွေမှာ ရပ်ရမှာ ဖြစ်ပါတယ်။

BRT စနစ်ဆိုတာဟာ အဆင့်မြင့် ဘတ်စ်ကား ပြေးဆွဲဖို့ အခြားယာဉ်တွေ အသုံးပြုခွင့် ပေးမထားတဲ့ သီးသန့်ယာဉ်ကြော သတ်မှတ်ပေးထားပြီး ဘူတာရုံသဖွယ် သတ်မှတ်ပြီး ဘတ်စ်ကားဂိတ်တွေ ထားရှိ ပြေးဆွဲတဲ့စနစ် ဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်မှာ နေ့စဉ်ခရီးသွား ၂ သန်းလောက်အတွက် ဘတ်စ်ကားလိုင်းပေါင်း ၃၆၀ လောက်က ဘတ်စ်ကားအစီး ရေ ၃၅၀၀ ကျော်နဲ့ နေ့စဉ်နဲ့ ပြေးဆွဲနေတယ်လို့ အစိုးရတရားဝင် ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

သတင်းဓာတ်ပုံ - အောင်သူ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013