DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင်နေပြီး အိမ်ပိုင်မရှိသူများ အငှားအိမ်ရာ လျှောက်ထားနိုင်
DVB
·
February 2, 2016
ရန်ကုန်တိုင်းတွင်နေပြီး အိမ်ပိုင်မရှိသူများ အငှားအိမ်ရာ လျှောက်ထားနိုင်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်ပြီး အိမ်ပိုင်မရှိသူတွေ အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အငှားအိမ်ရာတွေ လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

မဟာဗန္ဓုလ အငှားအိမ်ရာအတွက် ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်ပြီး အိမ်ထောင်စုစာရင်း ရှိတဲ့သူ၊ အိမ်ပိုင်မရှိသူတွေ အနေနဲ့ လျှောက်နိုင်တာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကို ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ပြည်လမ်းနဲ့ အလုံလမ်းထောင့် လွှတ်တော်ဝန်း ဂိတ်အမှတ် ၄ မှာ လျှောက်လွှာတင်ရမှာပါ။

အိမ်ငှားဖို့အတွက် လျှောက်လွှာမရောင်းဘဲ လိုအပ်တဲ့ ပုံစံတွေကို မြို့နယ် ထွေအုပ်ရုံးတွေမှာ ကြော်ငြာပေးထားပါတယ်။

မတ်လ ၃၁ ရက်လောက်မှာ စနေနိုင်အောင် စီစဉ်ထားပါတယ်လို့ ၀န်ကြီး ဦးကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။

မဟာဗန္ဓုလအိမ်ရာကို ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် ၂ လမ်းမကြီးဘေးမှာ စတင်ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။

မဟာဗန္ဓုလအိမ်ရာမှာ တိုက်ခန်းပေါင်း ၁၂၀၀ ရှိပြီး အခန်းတခန်းဟာ  ၅၆၉ ဒသမ ၅ စတုရန်းပေ ကျယ်ပြီး လစဉ်ငှားရမ်းခကတော့ ကျပ် ၃၀၀၀၀ ဖြစ်ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် ရန်ကုန်မြို့မှာ နှစ်စဉ် အိမ်ခန်းပေါင်း ၃ သောင်း လိုအပ်ချက်ရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013