DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြေစာပုံပြိုမှု ဓာတ်ပုံရိုက်သူတဦး မြေပိသေဆုံး
DVB
·
February 2, 2016
ဖားကန့်မြေစာပုံပြိုမှု ဓာတ်ပုံရိုက်သူတဦး မြေပိသေဆုံး
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ရွာနဲ့ တောမှော်ရွာကြားက အလယ်စခန်းမှာ မနေ့ မနက်ပိုင်းက  မြေစာပုံ ပြိုကျတာကြောင့် အနီးနားမှာ ဓာတ်ပုံရိုက်နေတဲ့ အသက် ၁၈ နှစ်အရွယ်လူငယ်တဦး မြေပြိုထဲပါသွားပြီး သေဆုံးသွားတယ်လို့ ဒေသခံ ဦးခင်မောင်ချင်းက ပြောပါတယ်။

“လူတယောက်သေသွားတာက မြေပြိုတာကိုသူက ဓာတ်ပုံရိုက်ရင်းနဲ့ မြေကြီးထဲပါသွားတာ။ သူ့အသက် က ၁၈ နှစ်လောက်ပဲရှိမယ်။ သူကမြေကြီးပြိုတာကို ဓာတ်ပုံသွားရိုက်တာ။ ဓာတ်ပုံရိုက်တုန်း နောက်တ ခြမ်းပဲ့ကျတော့ ပါသွားတာပေါ့။ သူတယောက်ထဲဖြစ်တာလေ။ ကျန်တဲ့သူတွေ မပါပါဘူး။”

အဆိုပါ ပြိုကျတဲ့မြေစာပုံဟာ နေမင်းကမ္ဘာ ကုမ္မဏီရဲ့ မြေစာပုံဖြစ်ပြီး အန္တရာယ်ရှိကြောင်း ဆိုင်းဘုတ်တပ်ထားတဲ့ နေရာလည်းဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စုပေါင်းမြေစာပုံမှာ ဖြစ်ပွားခဲ့ တဲ့ မြေစာပုံပြိုကျမှုမှာ လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး  မကြာခဏ မြေစာပုံပြိုကျမှုတွေ ထပ်မံဖြစ်ပွားနေ တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013