DVB Logo
Home
မြန်မာသတင်း
ရဟတ်ယာဉ်ကို ပစ်ချခံရပြီးနောက် တန်ဇနီးယား အာဏာပိုင်များ လူ ၃ ဦးကို ဖမ်း (ရုပ်သံ)
DVB
·
February 1, 2016
ရဟတ်ယာဉ်ကို ပစ်ချခံရပြီးနောက် တန်ဇနီးယား အာဏာပိုင်များ လူ ၃ ဦးကို ဖမ်း (ရုပ်သံ)
Donate to DVB

တရားမ၀င် တရိစ္ဆာန် ဖမ်းဆီးသူများက ဗြိတိန်လေယာဉ်မှူးများပါဝင်တဲ့ ဆင်သတ်သမားများကို လိုက်လံစောင့်ကြည့်နေတဲ့ ရဟတ်ယာဉ်ကို ပစ်ချခဲ့ပြီးနောက် လူ ၃ ဦးကို တန်ဇနီးယား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ဇန်န၀ါရီ ၂၉ ရက်က ဗြိတိန် လေယာဉ်မှူး ရော်ဂျာဂိုဝါက တရားမ၀င် ဆင်သတ်သမားတွေ နောက်ကို လိုက်နေရာမှာ ရဟတ်ယာဉ်ကို အေကေ ၄၇နဲ့ ပစ်ခံခဲ့ရပါတယ်။

ဒီလို ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်ပျက်ကျပြီး ဂိုဝါက သေဆုံးသွားခဲ့ပါတယ်။

လေယာဉ်မှူး သေနတ်မှန်သွားတဲ့ အတွက် ရဟတ်ယာဉ်က ထိန်းချုပ်မဲ့ပြီး ပျက်ကျသွားတယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ်မှာ ပါသွားတဲ့နောက်တဦးကတော့ အသက်ရှင်ကျန်ခဲ့ပေမယ့် ဒဏ်ရာတွေကို ကုသနေတယ်လို့ တန်ဇနီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

လူ ၃ ဦးကို ဖမ်းဆီး မေးမြန်းရာမှာ ဒီဖြစ်ရပ်မှာ ပါဝင်တဲ့သူတွေရဲ့ နာမည်ကို ပြောပြတဲ့ အကြောင်းနဲ့ ဒီလူ ၃ ဦးအမည်ကို ထုတ်ပြန်သွားမှာ မဟုတ်ဘူးလို့ တန်ဇနီးယား အာဏာပိုင်တွေက ဇန်န၀ါရီ ၃၁ ရက်မှာ ပြောပါတယ်။

တရားမ၀င် တရိစ္ဆာန် ဖမ်းဆီးနေသူနောက် ခြေရာခံတဲ့ လှုပ်ရှားမှုကို တန်ဇနီးယား အစိုးရနဲ့ ဖရိုင်းကင် ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်က ၁ သိန်း ၁ သောင်းနီးပါးရှိနေတဲ့ ဆင်တွေက ၂၀၁၄ ခုနှစ်မှာ ၄ သောင်း ၃ ထောင်ပဲ ကျန်တော့တာ ဖြစ်ပါတယ်။

အာရှမှာ စီးပွားရေးတိုးတက်လာတဲ့ တရုတ်နဲ့ ဗီယက်နမ်က လိုအပ်ချက်များလာတဲ့ ဆင်စွယ်ကြောင့် အာဖရိကမှာ ဆင်တွေ ခိုးယူဖမ်းဆီးမှုတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013