DVB Logo
Home
မြန်မာသတင်း
၁၅ နှစ်အရွယ် မြန်မာကလေးငယ် ဂရမ်မီဆုချီးမြှင့်ပွဲ တက်ခွင့်ရ (ရုပ်သံ)
DVB
·
February 1, 2016
၁၅ နှစ်အရွယ် မြန်မာကလေးငယ် ဂရမ်မီဆုချီးမြှင့်ပွဲ တက်ခွင့်ရ (ရုပ်သံ)
Donate to DVB



အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မြန်မာဒုက္ခသည်ဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ ကျင်းပမယ့် ၅၈ ကြိမ်မြောက် ဂရမ်မီဆုချီးမြှင့်ပွဲ အခမ်းအနားကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

၆ ကြိမ်မြောက် ဂရမ်မီဖောင်ဒေးရှင်းနဲ့ မြူးဇီကဲလ်တို့ရဲ့ ဆယ်ကျော်သက် သီချင်းဆိုပြိုင်ပွဲမှာ လီရယ်နဲ့ အသက် ၁၃ နှစ်အရွယ် သူငယ်ချင်း မက်ဒပ်ဖ်ဖီတို့ရဲ့ “Fight” ဆိုတဲ့ သီချင်းက ပထမဆု ရရှိခဲ့ပါတယ်။

ဒီသီချင်းက မူးယစ်ဆေးဝါးနဲ့ အရက်သုံးစွဲမှုကို တိုက်ခိုက်တွန်းလှန်ဖို့ ရည်ရွယ်ရေးဖွဲ့ထားတဲ့ သီချင်းလည်း ဖြစ်ပါတယ်။

ဒီသီချင်းအတွက် ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၅၀၀၀ ရရှိသလို လော့အိန်ဂျယ်လိစ်မှာ ကျင်းပမယ့် ၅၈ ကြိမ်မြောက် ဂရမ်မီဆု အခမ်းအနားကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ အောဘန်နီ မိုင်ယာ အလယ်တန်းကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ကျောင်းစွမ်းရည်ပြပြိုင်ပွဲမှာ ဖျော်ဖြေတင်ဆက်ဖို့အတွက် ဒီသီချင်းကို သွင်းယူခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားကို မသွားရောက်မချင်း ဆုကြေးငွေရရှိမှာ မဟုတ်တဲ့အတွက် ဂရမ်မီ အခမ်းအနားကို သွားရောက်ဖို့ လိုအပ်တဲ့ လေယာဉ်လက်မှတ်နဲ့ တခြား အသုံးစရိတ်အတွက် အားပေးသူတွေက  အွန်လိုင်းကနေ ရန်ပုံငွေ ကောက်ခံနေပါတယ်။

ထိုင်းဒုက္ခသည်စခန်းမှာ မိဘ ၂ ဦး၊ မောင်နှမ ၂ ဦးနဲ့ အတူ နေထိုင်ခဲ့တဲ့ လီရယ်ဟာ အရင် ၆ နှစ်က အောဘယ်နီကို ပြောင်းရွှေ့ အခြေချနေထိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013