DVB Logo
Home
မြန်မာသတင်း
ထိုင်းအစိုးရ အသိမှတ်ပြုကတ်ပြား ကိုင်ထားသူများကို ယာဉ်ပိုင်ရှင်မှတ်ပုံတင်ခွင့်ပြု
DVB
·
January 30, 2016
ထိုင်းအစိုးရ အသိမှတ်ပြုကတ်ပြား ကိုင်ထားသူများကို ယာဉ်ပိုင်ရှင်မှတ်ပုံတင်ခွင့်ပြု
Donate to DVB

ထိုင်းနိုင်ငံထဲမှာ ၀င်ရောက်နေထိုင်ပြီး ထိုင်းအစိုးရအသိအမှတ်ပြု နေထိုင်ခွင့်ကတ်ကိုင်ထားသူ (ရွှေ့ပြောင်းအလုပ်သမား/တောင်ပေါ်သား/တိုင်းရင်းသား) တွေဟာ မော်တော်ကားနဲ့ ဆိုင်ကယ်တွေ ၀ယ်ယူခွင့်ရှိပြီး ယာဉ်ပိုင်ရှင်အဖြစ်လည်း မှတ်ပုံတင်ခွင့်ပြုတော့မယ်လို့ ထိုင်းအစိုးရပိုင် အမှတ် ၃ ဒေသ ပြန်ကြားရေး သတင်းဌာန ၀က်ပ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ ရွှေ့ပြောင်းအလုပ်သမား/တောင်ပေါ်သား/တိုင်းရင်းသား နဲ့ ထိုင်းမှတ်ပုံတင်စာရင်းမရှိသူတို့အတွက် စနစ်တကျဖြစ်အောင် ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေး ထိခိုက်မှုမရှိအောင် ကုန်းလမ်း သည်ယူ ပို့ဆောင်ရေးဦးစီးဌာနက တည်ဆဲမော်တော်ယာဉ် ဥပဒေ တချို့ကို ပြင်ဆင်သတ်မှတ်ပေးခဲ့တာလို့ ချင်းမိုင်ခရိုင် ကုန်းလမ်းသည်ယူပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားေ ရးမှူး နိုင်းချန်းချိုင်း ကီးလားပိုင်းက သတင်းထောက်ကို ပြောပါတယ်။
ဖော်ပြပါ အုပ်စုထဲပါဝင်သူတွေအနေနဲ့ ယာဉ်ပိုင်ရှင်ဖြစ်ကြောင်း မှတ်ပုံတင်မယ်ဆိုရင် ထိုင်းအစိုးရက တရားဝင် ထုတ်ပေးထားတဲ့ ယာယီနိုင်ငံသား မှတ်ပုံတင်ကဒ်ပြားပေါ်က နေရပ် လိပ်စာပါ နယ်မြေအုပ်ချုပ်ရေးရုံးမှာ သွားရောက်လျှောက်ထားနိုင်တယ်လို့ ချင်းမိုင် ကညန ညွန်မှူးက ဆက်ပြောပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရက အထူးအနေနဲ့ ယာယီနေထိုင်ခွင့်ပြုထားတဲ့ ဗီယက်နမ်ဒုက္ခသည်၊ ကူမင်တန်ဒုက္ခသည်၊ ထိုင်းအနွယ်ဝင်မြန်မာတွေ၊ ထိုင်းလိ (လိရှမ်း) လူမျိုး နဲ့ တောင်ပေါ် သားတွေ၊ ထိုင်းမှာမွေးဖွားတဲ့ အခြားတိုင်းရင်းသားမျိုျးနွယ်စုတွေအနေနဲ့ မော်တော်ယာဉ် မှတ်ပုံတင်ဌာန ဖုန်းနံပါတ် ၀၅၃ ၂၇၀ ၄၁၂ နဲ့ ၀၆၁ ၂၆၇ ၉၉၉၆ ကို ဆက်သွယ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မော်တော်ယာဉ်ပိုင်ရှင်ဖြစ်ကြောင်း လိုအပ်တဲ့အထောက်အထားတွေနဲ့ ပတ်သက်ပြီး အဆိုပါဌာနကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ထိုင်းအစိုးရက အသိအမှတ်ပြု ထုတ်ပေးထားတဲ့ ယာယီ သက်သေခံကတ်ပြား (နေထိုင်ခွင့်လက်မှတ်/ဆယ်နှစ်ခံတောင်ပေါ်သားကတ်) နဲ့ ထိုင်းနိုင်ငံတွင်းနေထိုင်ကြောင်း နေရပ်လိပ်စာထောက်ခံစာ တို့လိုအပ်ပါတယ်။

အရေးကြီးဆုံးကတော့ ယာဉ်မောင်းလိုင်စင်ရှိရမှာဖြစ်ကြောင်း၊ ယာဉ်ဝယ်ယူတဲ့အခါမှာ အရစ်ကျစနစ်နဲ့ ၀ယ်ခွင့်ရှိမရှိကတော့ ရောင်းပေးတဲ့ဆိုင်နဲ့ ကုမ္ပဏီအပေါ်မှာ မူတည်တယ်လို့ ချင်းမိုင်ခရိုင် ကညနရုံး တာဝန်ရှိသူတဦးက ဖြေကြားသွားပါတယ်။

ယာဉ်မောင်းလိုင်စင် လျှောက်ထားသူမှာလည်း ထိုင်းစာ/စကား ဒါမှမဟုတ် အင်္ဂလိပ်စာ/စကားကို နားလည်မှသာ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ စာမေးပွဲကို ဖြေဆို နိုင်မှာဖြစ်ကြောင်း၊ သွားလာနေ ထိုင်ခွင့်ကန့်သတ်ထားတဲ့ တောင်ပေါ်သားကတ် ကိုင်ဆောင်သူတွေအနေနဲ့ မိမိနယ်မြေတွင်းမှာသာ မောင်းနှင်ခွင့်ရှိပြီး နယ်မြေပြင်ပမှာ မောင်း နှင်လိုပါက သက်ဆိုင်ရာနယ်မြေအာဏာပိုင်ရဲ့ နယ်မြေ ပြင်ပထွက်ခွာခွင့်လက်မှတ်ရှိဖို့ လိုအပ်ကြောင်း ကညနရုံးတာဝန်ရှိသူက ပြောပါတယ်။

ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ယာဉ်မောင်း လိုင်စင်လျှောက်ထားနိုင်ကြောင်း၊ နိုင်ငံခြားသား ခရီသွားဧည့်သည်တွေလည်း ယာဉ်မောင်းလိုင်စင်လျှောက်ထားနိုင်ပေမယ့် ယာယီယာဉ်မောင်းလိုင်စင်သာ ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ၊ တရားမ၀င် နေထိုင်သူနဲ့ တောင်ပေါ် တိုင်းရင်းသားတွေဟာ ယခင်က ယာဉ်ပိုင်ရှင်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခွင့်မရတဲ့အတွက် ထိုင်းမှတ်ပုံတင်ရှိသူတွေရဲ့အမည်ကို ငှားရမ်းဝယ်ယူရတာတွေရှိပြီး ယာဉ်နဲ့ပတ်သက်တဲ့ပြဿ နာ၊ ကိစ္စရပ်တွေ ပေါ်ပေါက်လာရင် အမည်ပေါက်သူတွေကိုပဲ အမြဲအားထားနေရတာကြောင့် အဆင်မပြေမှုတွေ၊ ယာဉ်ပြန်ရောင်းချင်တဲ့အခါမှာ မတန်တဆ ဈေးနှိမ်ခံရတာမျိုးတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013