DVB Logo
Home
မြန်မာသတင်း
မြန်မာသစ်ဆွဲဆင်များ အလုပ်လက်မဲ့ပြဿ နာ ရင်ဆိုင်နေရ
DVB
·
January 31, 2016
မြန်မာသစ်ဆွဲဆင်များ အလုပ်လက်မဲ့ပြဿ      နာ ရင်ဆိုင်နေရ
Donate to DVB

တောနက်ထဲမှာ သစ်ပင်တွေခုတ်လှဲပြီး တောင်စောင်းတွေတလျှောက် ဆင်တွေ နဲ့ သယ်ယူပို့ဆောင်ရတဲ့လုပ်ငန်းဟာ ခက်ခဲပေမယ့် ခုချိန်မှာတော့ သူတို့ရဲ့ အလုပ် လက်မဲ့ပြဿနာဟာ ပိုမိုဆိုးဝါးလာနေတယ်လို့ ဆင်ပိုင်ရှင်တွေက ပြောပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံခြားသို့ သစ်အလုံးလိုက်တင်ပို့မှုကို တားမြစ်လိုက်တဲ့ ဥပဒေကြောင့် ခုလိုပြဿနာတွေဖြစ်လာခဲ့တာလို့ နယူးယောက်တိုင်း မ်သတင်းမှာ ဇန်န၀ါရီ ၃၁ ရက်နေ့က ဖော်ပြပါတယ်။

သစ်ဆွဲဆင်တွေဟာ ရာနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်လာကာ အများစုဟာ ခိုင်းစေ ထိန်းချုပ်ရခက်လာတယ်လို့ ဆင်ပိုင်ရှင်တွေက ပြောပါတယ်။

သစ်ဆွဲဆင် ၈ ကောင်ပိုင်ဆိုင်တဲ့ အသက် ၆၄ နှစ်အရွယ် ဦးချစ်စိန်က လက်ရှိအချိန်မှာ သူ့ရဲ့ဆင်တွေဟာ တလမှာ ရက်အနည်းငယ်သာ အလုပ်လုပ်နေကြရတယ်လို့ ဆိုပါတယ်။

“သူတို့ဟာ အလွယ်တကူ စိတ်တိုလွယ်လာတယ်။ အလုပ်လည်း မရှိတော့ ပိုပြီးဝ ဖီးလာပြီး အထီးတွေအားလုံးဟာ တချိန်လုံး မိတ်လိုက်ဖို့ပဲ စိတ်ဝင်စားကြတော့တယ်။”

မြန်မာနိုင်ငံမှာ ဆင်တွေဟာ နှစ်ပေါင်းရာနဲ့ချီပြီး စက်ပစ္စည်းကိရိယာမကူနိုင်တဲ့ နေရာတွေမှာ အဖိုးတန်ကျွန်းသစ်နဲ့ တခြားသစ်မာထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အကူ အညီပေးခဲ့ကြတာပါ။

သစ်ဆွဲဆင် ၆ ကောင်ပိုင်ဆိုင်သူ ဦးစောသာပြည့်ကတော့ “ဆင်တွေရဲ့ အလုပ် လက်မဲ့ပြဿနာဟာ တကယ့်ကို ကိုင်တွယ်ရခက်ခဲပါတယ်။ သစ်ဆွဲလုပ်ငန်းတွေလည်း မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ သစ်တောတွေ မရှိတော့လို့ပဲ” လို့ ပြောပါတယ်။

မြန်မာ့ဆင်အရေးကျွမ်းကျင်သူ ဒေါ်ခိုင်ဦးမာက အလုပ်လက်မဲ့ဆင်ကောင်ရေ ၂၅၀၀ ရှိနေပြီး အများစုဟာ မြန်မာနိုင်ငံ အရှေ့ပိုင်း ထိုင်းနိုင်ငံနဲ့ နယ်စပ်အနီးတောတွေထဲမှာ ရှိနေတယ်လို့ ဆိုပါတယ်။

“ဒီဆင်တွေထဲက အများစုဟာ ဘာတွေလုပ်ရမလဲ(ဘာတွေခိုင်းစေရမလဲ)ဆိုတာ မသိကြပါဘူး။ ပိုင်ရှင်တွေအတွက်တော့ ဒါဟာ ၀န်ထုတ်ဝန်ပိုးကြီးတခုပါပဲ။ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ရတာလည်း ဈေးကြီးတယ်လေ။”

အရွယ်ရောက်ပြီးဆင်တွေဟာ အလေးချိန်အားဖြင့် ပေါင် ၁၀၀၀၀ လောက်ရှိကြ ပြီး နေ့စဉ်အစားအသောက် ပေါင် ၄၀၀ လောက်စားသောက်ကြတာပါ။

သုတေသနပညာရှင်တွေရဲ့အဆိုအရ မြန်မာသစ်ဆွဲဆင်တွေဟာ ကျန်းမာသန် စွမ်းနေကြဆဲဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ဆင်တွေရဲ့အမူအကျင့်ဆိုင်ရာပညာရှင် ဂျိုရှုအာပလော့ တ်နစ်က “အလုပ်လုပ်နေတဲ့ ဆင်တွေဟာ မြင်တဲ့အတိုင်းပဲ ပုံမှန်သူတို့သက်တမ်း ၅၀၊ ၆၀ ထိပုံမှန်နေထိုင်သွားနိုင်တာပဲ။ ဒါတွေအားလုံးက အာဟာရပြည့်ဝမှုနဲ့ ထိန်းသိမ်း စောင့်ရှောက်မှုပေါ်မှာပဲ မူတည်နေပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဧရိယာဟာ ၁၉၉၀ ပြည့်နှစ်ကတည်းက ၄၂ ရာခိုင်နှုန်းပြုန်းတီးခဲ့ပြီးဖြစ်တယ်လို့ ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအစီအစဉ် (အက်ဖ်အေအို)က ဆိုပါတယ်။

ခုလိုအခက်အခဲတွေနဲ့ ကြုံတွေ့ရချိန်မှာ တချို့ဆင်ပိုင်ရှင်တွေဟာ ဆင်တွေကို ခရီးသွားလုပ်ငန်းနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အသုံးပြုမယ့် ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်တွေဆီ ရောင်းချမှုတွေရှိလာတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံကို ဆင်တွေတင်ပို့မှုဟာ တရားမ၀င်တဲ့ လုပ်ငန်းတခုဖြစ်ပေမယ့် အဲဒီ လိုရောင်းချမှုတွေ မကြာခဏတွေ့လာရတယ်လို့ ဆင်ပိုင်ရှင်တွေက ပြောပါတယ်။

တချို့ မြန်မာဆင်ပိုင်ရှင်တွေကတော့ သူတို့ရဲ့ဆင်တွေကို ရောင်းချမယ့်အစီအ စဉ်မရှိဘူးလို့ ဆိုပါတယ်။

ဦစောသာပြည့်က “ကျနော့်ဆင်တွေနဲ့ ဘာဆက်လုပ်ရမလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် သူတို့ကို ကျနော်ဘယ်တော့မှရောင်းမှာ မဟုတ်ပါဘူး။ သူတို့ကို ကျနော် အရမ်းချစ်ပါတယ်”လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013