DVB Logo
Home
မြန်မာသတင်း
တောဆင်ရိုင်းကြောင့် ပဲခူးရိုးမအနီး ကျေးရွာအချို့ သစ်ပင်အမြင့်ပေါ် စင်ထိုးပြီးနေရ (ရုပ်သံ)
DVB
·
January 31, 2016
တောဆင်ရိုင်းကြောင့် ပဲခူးရိုးမအနီး ကျေးရွာအချို့ သစ်ပင်အမြင့်ပေါ် စင်ထိုးပြီးနေရ (ရုပ်သံ)
Donate to DVB

လှည်းကူး၊ တိုက်ကြီး၊ ဥက္ကံ၊ သုံးဆယ်၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ အစရှိတဲ့မြို့နယ်တွေက ပဲခူးရိုးမတောင်ခြေနဲ့ဆက်စပ်နေတဲ့ ကျေးရွာတွေကို တောဆင်းရိုင်းတွေ မကြာခဏ ဝင်ရောက်ဖျက်ဆီးလေ့ရှိတာကြောင့် ရွာသားတွေဟာ သစ်ပင်အမြင့်တွေပေါ်မှာ သစ်တွေ၊ ၀ါးတွေနဲ့ စင်တွေထိုးပြီး နေထိုင်နေကြရပါတယ်။

အဲဒီလိုတောဆင်ရိုင်းတွေ ကျေးရွာတွေဘက်ကို လာရောက်တာဟာ လွန်ခဲ့တဲ့ သုံးနှစ်ခန့်ကဖြစ်ပြီး မိုးတွင်းကာလမှာ မကြာခဏ လာရောက်လေ့ရှိတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

တောဆင်ရိုင်းတွေ စားကျက် မြေနေရာပျောက်ဆုံးကုန်တာဟာ သစ်တောတွေ ခုတ်ယူသုံးစွဲမှုများလို့ ဝေဖန်ပြောဆိုနေကြပေမယ့် ဒါဟာ မဟုတ်မှန်ဘူးလို့ သစ်တောဌာနက ငြင်းဆိုထားပါတယ်။

ဒေသခံတွေကတော့ အခုလို ဆင်တွေ မကြာခဏ လာရောက် သောင်းကျန်းနေတာကြောင့် အသက်အန္တရာယ်လွတ်ရာကို ရှောင်တိမ်းနေရပြီး စိုက်ခင်းတွေလည်း မကြာခဏ ဖျက်ဆီးခံရလေ့ရှိပါတယ်။

၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံရဲ့ သစ်တောပြုန်းတီးမှုပ မာဏဟာ သစ်တောဖုံးလွှမ်းမှုဧရိယာရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ ကုလသမဂ္ဂစား နပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့(အက်ဖ်အေအို)ကပြောပါတယ်။

သတင်းရုပ်သံ - အောင်ကျော်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013