DVB Logo
Home
မြန်မာသတင်း
လုပ်အားခမရသည့် ထိုင်းနှင့်မြန်မာအလုပ်သမားများ အလုပ်သမားရုံးကို တိုင်ကြားမည်
DVB
·
January 31, 2016
လုပ်အားခမရသည့် ထိုင်းနှင့်မြန်မာအလုပ်သမားများ အလုပ်သမားရုံးကို တိုင်ကြားမည်
1 / 4
Donate to DVB

ထိုင်းနိုင်ငံ မဟာချိုင်မြို့က ပင်လယ်စာထုတ်လုပ်တဲ့ CRYSTAL FROZEN FOODS  ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၂၂၅ ဦးဟာ လုပ်ငန်းရှင်ဆီက လုပ်အားခမရလို့ ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးကို သွားရောက်တိုင်ကြားကြမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၉ နာရီ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးမှာ သွားရောက်တိုင်ကြားဖို့ ထိုင်းဥပဒေအရ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ထားတယ်လို့ ရွှေ့ပြောင်းအလုပ်သမားများ ကွန်ရက် (MWRN) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစက်ရုံဟာ အလုပ်သမားတွေရမယ့် လုပ်ခလစာကို ဖြေရှင်းမပေးဘဲ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့ကစ ပိတ်သိမ်းလိုက်တာကြောင့် အဲဒီနေ့က ဆန္ဒပြတောင်းဆိုပြီး အလုပ်ရှင်နဲ့ ညှိနှိုင်းခဲ့ပေမယ့် ဖြေရှင်းမပေးလို့ အခုလို အလုပ်သမားရုံးမှာ သွားရောက် တိုင်ကြားတာလို့ ပြောပါတယ်။

ဦးအောင်ကျော်က "အလုပ်ရှင်ကိုယ်တိုင် ပြောလိုက်တာက အရှုံးတွေနဲ့ပဲ ဖြတ်သန်းလာတဲ့ အတွက်ကြောင့် လုံးဝ ဆက်လက်ပြီး ရပ်တည်နိုင်စွမ်းမရှိတော့ဘူးဆိုတာ ကျနော်တို့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါတယ်။ သူ့အနေနဲ့ ဒီလုပ်အားခကို ရှင်းပေးဖို့လည်း ဘယ်နေ့ ရှင်းပေးမယ်၊ မပြောနိုင်သလို ဒီစက်ရုံမှာ ရှေ့ဆက်လည်ပတ်ဖို့ လုံးဝ မရှိတော့ပါဘူး။ ခင်ဗျာတို့ ဥပဒေအတိုင်း လုပ်လိုက်ပါတော့လို့ ပြောတဲ့အတွက်ကြောင့် မနေ့ကပဲ အားလုံး ပြင်ဆင်ထားပါပြီး အလုပ်သမား ကိုယ်စားလှယ် ၅ ဦးကို ခေါ်ပြီးမှ အမှုဘယ်လို ပုံစံနဲ့ သွားရမယ်၊ အမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဘယ်လို ပြင်ဆင်ရမယ် မနေ့က သင်တန်းပေးပြီပါပြီး" လို့ ပြောပါတယ်။

အဲဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းက ဒေသခံတွေ ဖြစ်ကြပြီး ရရှိမယ့် လုပ်ခလစာကတော့ ဇန်န၀ါရီ လတ၀က်စာအတွက် တဦးကို ဘတ် ၅၀၀၀ လောက် ရရှိကြမှာဖြစ်ပါတယ်။

အခုလို လုပ်ခလစာမရတာကြောင့် အလုပ်သမားတွေ စားဝတ်နေရေးအတွက် အခက်ကြုံနေရတယ်လို့  မြန်မာအလုပ်သမား ကိုကျော်မင်းက ပြောပါတယ်။

"အလုပ်ကတော့ ရတဲ့ နေရာမှာ လုပ်ကြရတော့မှာပေါ့။ အခုလောလောဆယ် ထိုင်းအလုပ်သမား ကာကွယ်ရေးရုံးက အမိန့်မချသေးတော့ အလုပ်လုပ်လို့ မရသေးဘူး။ ဒီမှာ လူတွေလည်း စားဝတ်နေရေး မပြေလည်ကြဘူး၊ တချို့ ဒီလ အခန်းခပေးရမယ်၊ မပေးနိုင်ကြဘူး၊ လုပ်ငန်းက ပိုက်ဆံမရတော့ အခက်အခဲအမျိုးမျိုးနဲ့ ကြုံနေတယ်။"

ဖေဖော်ဝါရီ ၂ ရက်နေ့ အမှုတိုင်ကြားတဲ့နေ့က စပြီးတော့ ထိုင်းဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း အလုပ်ပိုင်ရှင် သူဌေးက ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။

မဟာချိုင်ဒေသမှာ တရားဝင် မြန်မာအလုပ်သမား ၃ သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ MWRN

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013