DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်တွင် နေရာပေးပါက လက်တွဲသွားမည်ဟု ဦးရွှေမန်းပြော
DVB
·
January 30, 2016
ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်တွင် နေရာပေးပါက လက်တွဲသွားမည်ဟု ဦးရွှေမန်းပြော
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့ကြားမှာ ဘာကတိက၀တ်မှမရှိသလို ရာထူးတာဝန်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဘက်က ကမ်းလှမ်းထားတာ မရှိသေးဘဲ တာဝန်ပေးလာပါက လက်ခံသွားမယ်လို့ သူရဦးရွှေမန်း ပြောပါတယ်။

ဇန်နဝါရီလ ၂၉ ရက် လွှတ်တော်ဝန်းအတွင်းက ဇဗ္ဗူသီရိခန်းမဆောင်မှာ ပြည်တွင်း၊ ပြည်ပက သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုတွေကို သူရဦးရွှေမန်းက  ဖြေကြားရာမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရသစ် လက်ထက်မှာ နေရာပေး ကမ်းလှမ်းလာရင် လုပ်ဆောင်သွားမှာ ဖြစ်သလို တာဝန်ပေး လာတဲ့ အပေါ်မှာ လက်ခံသွားဖို့ အသင့်ရှိတဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က မရွေးချယ်ရင်လည်း နိုင်ငံရေးလုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ ရက်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည့်တို့ တွေ့ဆုံမှုကိုလည်း  စီစဉ်ပေးခဲ့တာလို့ ဦးရွှေမန်းက ပြောပါတယ်။

“ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေ အနေနဲ့လည်း တိုင်းပြည်ကို ခေါင်းဆောင်လာတာ နှစ်ပေါင်းအတော်ကြာတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ သူအနေနဲ့ ဒီကနေ့ အာဏာမရှိပေမယ့် ထိုက်သင့်တဲ့ သြဇာရှိနေပါတယ်၊ ဒါကြောင့်မိုလို့ အဲဒီလို နိုင်ငံမှာ အချိန် အတော်အကြာ တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ တွေ့ဆုံတာဟာ ဗိုလ်ချုပ်မှုးကြီးဟောင်းအတွက်ရော  ဒေါ်အောင်ဆန်းစုကြည်အတွက်ရော နိုင်ငံအတွက်ရော အများကြီး အခြေအနေကောင်းများ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်တဲ့အတွက် ဒီလိုတွေ့ဆုံပေးခြင်းပဲ ဖြစ်ပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွေဟာ ဇန်န၀ါရီ ၃၀ ရက်မှာ  သက်တမ်းကုန်ဆုံးမှာ ဖြစ်သလို သက်တမ်းကုန်ဆုံးမယ့် အချိန်မှာ နောက်ထပ် ပြည်သူက ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်တွေကို တာဝန်လွှဲပြောင်းပေးရမှာဖြစ်သလို ဒီလို လွှဲပြောင်းပေးတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိမှာတော့ အန်အယ်လ်ဒီ ပါတီက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌနေရာတွေအတွက် ရွေးချယ်ထားပြီး ဖြစ်ပေမယ့် အစိုးရအဖွဲ့ဖွဲ့ရာမှာတော့ ဘယ်သူတွေကို ရွေးချယ်ထားတယ် ဆိုတာတော့ ထုတ်ဖော်ပြောဆိုတာတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013