DVB Logo
Home
Lead Story
တိုင်းရင်းသားတွေကို အခွင့်အရေးပေးလိုက်တာ ကောင်းပါတယ် - ဦးခွန်ထွန်းဦး
DVB
·
January 29, 2016
တိုင်းရင်းသားတွေကို အခွင့်အရေးပေးလိုက်တာ ကောင်းပါတယ် - ဦးခွန်ထွန်းဦး
Donate to DVB

ရွေးကောက်ပွဲမှာ အများစုအနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့စတင်မယ့် လွှတ်တော်သစ်ရဲ့ အကြီးအကဲစာရင်းကို ထုတ်ပြန်ရာမှာ မတူကွဲပြားတဲ့ နိုင်ငံရေးပါတီတွေက တိုင်းရင်းသားတွေကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီဆောင်ရွက်ချက် အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို မေးမြန်းခဲ့ပါတယ်။

လာမယ့်အစိုးရလက်ထက် လွှတ်တော်အကြီးအကဲတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီက ပုဂ္ဂိုလ် ၄ ဦးစာရင်း အမည်ကို ကြေညာသွားပါတယ်။ အဲဒီထဲမှာ ဗမာ၊ ကချင်၊ ရခိုင်၊ ကရင် စတဲ့ တိုင်းရင်းသားတွေ မျှမျှတတရွေးချယ်ထားတာကို တွေ့ရတယ်။ ဒီအပေါ်မှာ အန်ကယ့်အနေနဲ့ ဘာများပြောလိုပါသလဲ။

“ဒါက သိပ်ကောင်းတာပေါ့ဗျား။ သူလည်း ကြိုးစားတာဘဲ၊ တိုင်းပြည်အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးလိုတယ်။  တိုင်းရင်းသားတွေ ညီညွတ်ဖို့လိုတယ်။ တိုင်းရင်းသားပြဿ နာကို သူရှင်းပေးမယ်လို့လည်း ပြောထားတာပဲ။ အဲဒီတော့ တိုင်းရင်းသားတွေကို အခွင့်အရေးပေး လိုက်တာ ကောင်းပါတယ်။”

နောက်ထပ် အစိုးရအကြီးအကဲနေရာတွေလည်း ရှိပါသေးတယ်။ အဲဒီနေရာမှာ ဥပမာ ဒုသမ္မတလိုနေရာမျိုးတွေမှာပေါ့။ အဲဒါ တိုင်းရင်းသားတွေ ဖြစ်သင့်သလား၊ ဘယ်လိုမြင်ပါသလဲ။

“အဲဒါကတော့ ကြိုပြောလို့မရဘူးလေ။ တချို့တိုင်းရင်းသားတွေက ကက်ဘိနက်(အစိုးရအဖွဲ့) က လိုင်းက ပြန်တင်လာအုံးမယ်၊ အဲဒါ တချို့တိုင်းရင်းသားတွေက ကက်ဘိနက်ကနေ ထွက်လာပါလိမ့်ဦးမယ်၊  စောင့်ကြည့်ပါ၊ အနည်းနဲ့အများတော့ တိုင်းရင်းသားတွေ ပါလာမှာပါ။”

အန်ကယ့်အနေနဲ့ ဒီမိုကရေစီရရှိရေးကြိုးပမ်းဆောင်ရွက်မှုတွေမှာ အန်အယ်လ်ဒီနဲ့အတူ တလျှောက်လုံးအတူ ကြိုးပမ်းလာခဲ့ကြတယ်။ ဘာဘဲဖြစ်ဖြစ် အစိုးရအကြီးအကဲနေရာ တနေရာ တော့ ပါဝင်လိမ့်မယ်လို့  ခန့်မှန်းနေကြပါတယ်ရှင့်။ အန်အယ်လ်ဒီဘက်က ကမ်းလှမ်းမှုတွေ ရှိလား၊ ကမ်းလှမ်း လာရင်ကော လက်ခံမှာလား။

“ရှင်းရှင်းပြောရရင် အခုပေါ့ဗျာ၊ အဲသလို ကက်ဘိနက်မှာပါသွားမယ်ဆိုရင် ဥက္ကဋ္ဌ နေရာကနေ ကျနော်ကလည်း ထွက်ပေးရမယ်ဆိုရင်တော့ ကျနော့်ဆန္ဒအရ ကျနော် သိပ်ပြီးတော့ မထွက်ချင်ဘူး။ ကျနော် ရှမ်းပြည်အတွက်ဘဲ အလုပ်လုပ်ချင်တယ်။ အခု ရွေးကောက်ပွဲ ပြီးသွားတော့ ကျနော်တို့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပါပြီ။ အဲဒီတော့ လာပေးလည်း ကျနော့်အနေနဲ့ ဒါစဉ်းစားရမယ်၊ လက်မခံဖို့က များတယ်ဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော့်အတွက်တော့  ရာထူးက အဓိကမဟုတ်ဘူး။ တိုင်းရင်းသားတွေရဲ့အကျိုး ငြိမ်းချမ်းရေးတို့၊ တိုင်းရင်းသားတွေ ရပိုင်ခွင့် ကိစ္စက အဓိကဖြစ်နေတယ်လေ။ ရာထူးက ဒီလောက်မဟုတ်ပါဘူးခင်ဗျာ။”

အန်ကယ်တို့အနေနဲ့ အမြဲတမ်းဘဲ ၈ ပြည်နယ်စနစ်ကို လက်ခံပြီးတော့မှ  တိုင်းနဲ့ပြည်နယ် ၁၄ ခုစနစ်ကို လက်မခံဘူးလို့ ပြောခဲ့ပါတယ်။ ဘာ့ကြောင့် ၈ ပြည် နယ်ဟာ မြန်မာနိုင်ငံအတွက် အသင့်လျော်ဆုံးလို့ ပြောရတာလဲ။

“ဒါကတော့ ပင်လုံစာချုပ်ကြီးရဲ့မူဘဲလေ ကျနော် အင်တာဗျူးတိုင်းမှာ ပြောပြီးသားပဲ၊ ၈ ပြည်နယ်အတိုင်းသွားရင်တော့ ပိုကောင်းတာပေါ့။ ဘာလို့လဲဆို ဟိုတုန်းက  ၇ ပြည်နယ်ရှိတော့ နောက်ထပ် ၇ ပြည်နယ် တိုးတာကိုး၊  နောက်ထပ်ပြည်နယ် ၂၀ ဖြစ်ရင် တိုင်း ၂၀ တိုင်း ထပ်တိုးလာမယ်။ ပြည်နယ်တစ်ခု အသစ်ပေါ်တိုင်း တိုင်းအသစ်ပေါ်လာတာ မသင့်တော်ဘူး။ နောက်ပြီးေ တာ့ ၁၄ ယူနစ်ဆိုတာကလည်း ကျနော်တို့ရချင်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုနဲ့ မကိုက်ညီဘူးခင်ဗျ။ ကျနော်ခနခနပြောတာဘဲ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့် ရချင်တယ်။ အောက်လွှတ်တော်မှာက ဗမာကများ၊ အထက်လွှတ်တော်မှာက အချိုးညီ၊ ဆယ်ယောက်ဆိုရင် လူ ၇၀၊  ဆယ့်နှစ်ယောက်ရှိရင် ကျနော်တို့ ထိန်းညှိတဲ့ သဘောမျိုးရှိတာပေါ့။ ထိန်းညှိတဲ့သဘောရှိရင် အခုလိုပြဿ    နာမျိုးက မဖြစ်လာတော့ဘူးပေါ့။ အခုဟာက တယောက်နဲ့ တယောက် မယုံသလိုလို၊ ပြောလိုက်လို့ရှိရင်လည်း သဘောပေါက် သလိုလို မပေါက်သလိုလိုနဲ့ အခြေအနေတွေက ပိုပြီးတော့ ရှုတ်ထွေးလာတယ်။ အဲတော့ ဒီစနစ်နဲ့မသွားဘူးဆိုရင် ဘယ်စနစ်နဲ့သွားမှာလဲ၊ ဒီဟာတွေကလည်း ကျနော်က ငါ့စကား နွားရပြောနေတာမဟုတ်ဘူး။ ဒါပင်လုံစာချုပ်ကြီးအရ၊ ပင်လုံကတိက၀တ်တွေ ရှိနေတာဘဲ၊ အဲဒီပင်လုံ ကတိက၀တ်အတိုင်း ကျနော်တို့က ပြောနေတာပါ။ ဒီဟာကြီးက အကြောင်းမဲ့ တောင်းဆိုနေတာ မဟုတ်ပါဘူး။”

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘဲသွားလို့ ရမလား၊ ပြင်ဖို့လိုတယ်ဆိုရင် တခုလုံးကိုလား၊ တချို့ခေါင်းစဉ် ပုဒ်မတွေ ဘဲ ပြင်မှာလား။

“၂၀၀၈ ကို မပြင်ဘဲနဲ့ မရပါဘူး။ ပြင်ရမှာပေါ့၊ ၂၀၀၈ က တပြည်ထောင်စနစ်ကြီးဘဲဟာ။ ၂၀၀၈ ကိုမပြင်ဘဲနဲ့ သွားလို့ကတော့ အလကားဘဲ၊ ဒီအတိုင်း သွားလို့ပြီး မှာမဟုတ်ဘူး၊ ၅ နှစ်အတွင်းမှာ အခြေခံဥပဒေကို ပြုပြုပြင်ပြင် လုပ်ရင်လုပ်၊ မလုပ်ရင်လည်း ဖက်ဒရယ်နဲ့ သွားမယ်ဆိုရင်လည်း  ကတိက၀တ်ပြုထားတဲ့အတိုင်းလုပ်၊ မဟုတ်လို့ရှိရင်တော့ ဒီဟာကတော့ တိုင်းရင်းသားေ တွလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုမပေါ်မချင်းတော့ ပစ်ခတ်တဲ့အသံတွေ ကြားနေရမှာဘဲ။ အဲဒီတော့ ဒီဖွှဲစည်းပုံအခြေခံ ဥပဒေ ပြင်ကိုပြင်ရမယ်ဗျ။ အသစ်မရေး သည့်တိုင်အောင်။  အဲဒါပဲကျနော်ပြောချင်တယ်။  အပြည့်ကို မပြင်သည့်တိုင်အောင်၊ သူ့ကဏ္ဍ အလိုက်လည်းရှိတယ်လေ၊ ဘယ်ဟာပြင်မှ ဘာနဲ့ကိုက်ညီမလဲဆိုတာပေါ့ အဲဒါတွေ ရှိသေးတာကို၊ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုလိုင်းပေါ်တင်ဖို့ဆိုတာ  ဘယ်အပိုဒ်ကို ဘယ်လိုပြင်ရမလဲဆိုတာ ဥပဒေသမားတွေ သိကြပါတယ်။ ဖက်ဒရယ်မရ မချင်းကတော့ ကိစ္စက ပြီးမှာမဟုတ်ဘူး။ လက်နက်ကိုင်အားလုံးကလည်း ဖက်ဒရယ်စနစ်ကို ရချင်တယ်။ နောက်ပြီးတော့ အစိုးရကလည်း ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို သွားပါမယ်ဆိုတာ လည်း ခနခန ပြောနေပြီပဲ။  ကျနော်တို့ကတော့ ၆၈ နှစ်လုံးလုံးခံလာရတဲ့ ပြဿ     နာတွေဟာ ဒီဖက်ဒရယ်စနစ်ကြီးနဲ့ ကင်းဝေးေ နလို့သာ ကျနော်တို့ တောင်းဆိုရခြင်းဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသားလူမျိုးစုတချို့က ပြည်နယ်ရဖို့ အဆိုပြုထားကြပါတယ် ၊ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

“ဒီဟာကလည်း ၂၀၀၈ အခြေခံဥပဒေကြောင့်ပေါ့ဗျား။  ၀တွေ၊ ပလောင်တွေ ပအိုဝ်းတွေ တွေပဲ မပြောနေနဲ့ဗျာ။  အရှေ့နာဂတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပေးလိုက်တော့ ဟိုလူကပြောပြီ၊ အန်စီအေလက်မှတ်မထိုးနိုင်ဘူး ကျနော်တို့မှာလည်း အနောက်မှာလည်း နာဂကရှိသေး တယ်တဲ့။  အဲဒါဘဲပေါ့၊ စဉ်းစားပေတော့၊ ပြီးမှာမဟုတ်ဘူး။ ရှင်းရှင်းပြော ရလို့ရှိရင် ဒါက အပိုင်းပိုင်းခွဲပြီးတော့မှ တောင်းနေကြတာ၊ ကျနော်တို့ကြည့်ရမှာက အနောက်မှာက အိန္ဒိယ ထဲမှာလည်း နာဂလည်းရှိတယ်။ နာဂလဲန်း နာဂဒေသတခုလုံးကို တိုင်းပြည်တခု တည်ဆောက် ချင်တဲ့သဘောမျိုးနဲ့ သူတို့က ပြောနေတာ၊ အဲဒါ တိုင်းပြည်ရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားသာကြည့်ပါတော့ ခင်ဗျာ။”

ဒီကနေ့မနက်မှာဘဲ သမ္မတဦးသိန်းစိန်က နှုတ်ဆက်တဲ့အကြောင်း မိန့်ခွန်းထဲမှာ ထည့်ပြော သွားပြီးပါပြီ။ ဒီတော့ လာမယ့် အစိုးရလက်ထက်မှာ ပိုပြီးကောင်းမွန်အောင် ဘာတွေ အကြံပြုချင်သလဲ။

“အားလုံးက ပြည်ထောင်စုရဲ့ ပြ​ဿ      နာဘဲလေ၊ ဘယ်သူတွေ ဘာလုပ်လဲဆိုတာကို အပြစ်မတင်ကြနဲ့တော့ ပြီးတဲ့ဟာတွေက ပြီးခဲ့ပြီ၊ ဒါတွေသင်ပုန်းချလိုက်တာ အကောင်းဆုံးဘဲ။ နောက်ရှေ့လျှောက်မှာဆိုရင် အားလုံးဝန်းဝန်းလုပ်ကြ၊ ကတိပေးပြီးတာလည်း ပေးခဲ့ပြီ၊ ပေးတဲ့ ကတိကို ပါဝင်တဲ့ သူတိုင်းက တည်သင့်တယ်။ တယောက်နဲ့ တယောက် ပေးတဲ့ကတိက ခနခနပျက်လို့  ဒီစကားက ပြောရ ပြီပေါ့။ အဓိကက စကားပြောကြတဲ့အချိန်မှာ ကတိတည်ကြပါ။ အကောင်းဆုံးနည်းက စားပွဲပေါ်မှာ ထိုင်ပြီးတော့မှ ရင့်ကျက်တဲ့နိုင်ငံရေးစိတ်ဓာတ်နဲ့ ပြဿ     နာကိုရှင်း ပါလို့ ပြောချင်ပါတယ်။  သေနတ်တွေကိုင်ပြီးတော့ ဖြေရှင်းခဲ့တာလည်း နှစ်ပေါင်း ၆၀ ကျော်လာပြီ၊ တဖက်တဖက်လည်း ကျဆုံးမှုတွေက များနေပြီ။ အဲဒါကြောင့် ဒါတွေကို တိုင်းပြည်ရဲ့ပြဿ    နာကိုနိုင်ငံရေးနည်းအရ မှန်မှန်ကန်ကန်ဖြေရရှင်းကြပါလို့ဘဲ ကျနော်ပြော ချင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013