DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့တွင် စိတ်ကြွဆေးပြားများနှင့် သေနတ် ၂ လက် ဖမ်းဆီးရမိ
DVB
·
January 29, 2016
တနင်္သာရီမြို့တွင် စိတ်ကြွဆေးပြားများနှင့် သေနတ် ၂ လက် ဖမ်းဆီးရမိ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ ဗောဓိကမ်းကျေးရွာအနီး လူနေအိမ်တလုံးမှာ စိတ်ကြွဆေးပြားတွေနဲ့ သေနတ် ၂ လက် ဖမ်းဆီးရမိခဲ့ပါတယ်။

စိတ်ကြွဆေးပြားတွေ ရောင်းချနေတယ်ဆိုတဲ့ သတင်းအရ တနင်္သာရီ ရဲတပ်ဖွဲ့က ဗောဓိကမ်းကျေးရွာအနီး (တရုတ်ကျွန်း) နောင်ပြူးရဲ့ နေအိမ်တဲအတွင်း ဇန်န၀ါရီ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ ၀င်ရောက်ရှာဖွေရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာလို့ တနင်္သာရီမြို့နယ်ရဲစခန်းက  ပြောပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေကို နောင်ပြူးရဲ့ နေအိမ်တဲ မြောက်ဘက်ရှိ ကိုက် ၃၀၀ လောက်အကွာ ချောင်းနံဘေးလျှိုအတွင်း တဲငယ် ၁ လုံးမှာတွေ့ရှိပြီး တရားခံလို့ယူဆရတဲ့ နောင်ပြူးကတော့ တိမ်းရှောင် ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပလတ်စတစ်ကော်သီးနဲ့ ပစ်ခတ်ရတဲ့ ဖိုင်ဘာသေနတ် ၁ လက်၊ အရှည် ၇.၅ လက်မခန့်ရှိ ထိုင်းနိုင်ငံလုပ် ခေါက်ချိုးသေနတ်အတို ၁ လက်၊ ကိုးလုံးကျည် ၁၂ တောင့်၊ ကျည်ခွံ ၄၀ ခု၊ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ ပြား၊ ဘိန်းစာမှုန့် ၁၀ ကျပ်သား၊ GPS map 76(GARMIN)(၁)လုံး၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။

နောင်ပြူးကို ဖမ်းဆီးရမိရေး တနင်္သာရီမြို့မရဲစခန်းက မယ(ပ)၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ- ၁၅/၁၉(က)၊ (ပ) ၉/၂၀၁၆၊ လက်နက်ဥပဒေပုဒ်မ-၁၉(စ)အရ အမှုဖွင့်လှစ်ကာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း ထားဝယ်မြို့မှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး ထံကနေ ပစ္စတိုသေနတ် (၁) လက်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃၆ ပြားနဲ့ ICE ၁၂ ဂရမ်တို့ကိုလည်း  ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

သတင်း - ကိုမြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013