DVB Logo
Home
မြန်မာသတင်း
စကော့မာစီအယ်လ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် အတည်ပြု
DVB
·
January 29, 2016
စကော့မာစီအယ်လ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် အတည်ပြု
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်အဖြစ် သမ္မတ ဘားရက်အိုဘားမား ရွေးချယ်ထားတဲ့ စကော့မာစီအယ်လ်ကို လွှတ်တော် ကော်မတီက ဇန်န၀ါရီ ၂၈ ရက်က အတည်ပြုလိုက်ပါတယ်။

ကော်မတီ အဖွဲ့ဝင် ၁၉ ဦးလုံးက စကော့မာစီအယ်လ်ကို ကန့်ကွက်သူမရှိ တညီတညွတ်တည်းဆုံးဖြတ် ရွေးချယ်လိုက်တာလို့ ရိုက်တာ သတင်းမှာရေးပါတယ်။

သံအမတ်အဖြစ် တာဝန်မယူမီ လွှတ်တော်ရဲ့ အတည်ပြုချက်ကို စကော့ မာစီအယ်လ်က ထပ်မံ တာဝန်ယူရမှာ ဖြစ်ပါတယ်။

သူဟာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဗျူရိုရဲ့ လက်ထောက် အတွင်းရေးမှူးဖြစ်ပါတယ်။ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ အင်ဒိုနီးရှားဆိုင်ရာ  အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဘရာဇီးနိုင်ငံတွေမှာလည်း သူက တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

၁၉၈၅ ခုနှစ်ကတည်းက အမေရိကန် နိုင်ငံခြားရေး ဌာနာမှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ရီပတ်ဘလီကင် အမတ် ကော်ရီဂါနာကတော့ ဒီမိုကရေစီ အစိုးရ အပြောင်းအလဲမလုပ်ဆောင်မီ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့တားမြစ်မှုကို အိုဘားမားအစိုးရအဖွဲ့က အလျင်အမြန်ဖယ်ရှားမှာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။

လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မတီ အစည်းအဝေးမှာ ပိတ်ဆို့တားမြစ်မှုကို အလျင်အမြန် ဖယ်ရှားမှာမဟုတ်သလို အပြောင်းအလဲတွေကို ကွန်ဂရက်က ဆွေးနွေးသွားမယ်လို့ ပြောတယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013