DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကို ၂၀၁၆ တွင် စောင့်ကြည့်ရမည့် နိုင်ငံတခုအဖြစ် သတ်မှတ်
DVB
·
January 29, 2016
မြန်မာနိုင်ငံကို ၂၀၁၆ တွင် စောင့်ကြည့်ရမည့် နိုင်ငံတခုအဖြစ် သတ်မှတ်
Donate to DVB

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်အတွင်း ပြောင်းလဲမှုတွေ ရှိခဲ့တဲ့အတွက် လာမယ့် ၂၀၁၆ ခုနှစ်မှာ စောင့်ကြည့်ရမယ့် နိုင်ငံတခုအဖြစ် သတ်မှတ်ထားကြောင်း Freedom House အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံဟာ  ၂၀၁၅ ခုနှစ်အတွင်း လွတ်လပ်မှု အခြေအနေ တိုးတက်မှု အနည်းငယ် ရှိခဲ့တာကြောင့် အဆင့် ၆ ကနေ အဆင့် ၅ ကိုပြောင်းပြီး တဆင့် တိုးတက်လာကြောင်း  ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၉၅ နိုင်ငံရဲ့ လွတ်လပ်ခွင့် အခြေအနေတွေကို လေ့လာပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း တခုဖြစ်တဲ့ Freedom House အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်တာပါ။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံမှာ ၇၂ နိုင်ငံက လွတ်လပ်ခွင့် အခြေအနေတွေ ပြီးခဲ့တဲ့နှစ်မှာ ကျဆင်းခဲ့ပြီး နိုင်ငံပေါင်း ၅၀ ကတော့ လုံးဝ လွတ်လပ်မှုမရှိတဲ့နိုင်ငံ၊ တခြားနိုင်ငံ ၅၀ ကတော့ တစိတ်တဒေသ လွတ်လပ်တဲ့နိုင်ငံတွေ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ ဆီးရီးယား၊ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တရုတ်၊ ဆိုမားလီးယား၊ မြောက်ကိုရီးယား၊ ဥဇဘက်ကစ္စတန်နဲ့ အီရီထရီးယားနိုင်ငံတွေကတော့ လွတ်လပ်မှု လုံးဝမရှိတဲ့ အဆိုးနိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေ အနည်းငယ် တိုးတက် ကောင်းမွန်လာတယ် ဆိုပေမယ့်လည်း တစုံလုံး အခြေအနေနဲ့ ပတ်သက်လို့တော့ အပြည့်အ၀ လွတ်လပ်မှု မရှိသေးတဲ့ နိုင်ငံတခုအဖြစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013