DVB Logo
Home
မြန်မာသတင်း
ထိုင်းအကျဉ်းထောင် ၀က်ဘ်ဆိုက်များ အမည်မသိအဖွဲ့ ထပ်မံတိုက်ခိုက်
DVB
·
January 28, 2016
Donate to DVB

ထိုင်းနိုင်ငံက အကျဉ်းထောင် အင်တာနက်ဝက်ဘ်ဆိုက် ၂၀ လောက်ကို အမည်မသိအဖွဲ့နဲ့ ဆက်နွယ်တဲ့ ဟက်ကာတွေက တိုက်ခိုက်လိုက်ပါတယ်။

မြန်မာလူငယ် ၂ ဦးအပေါ် ချမှတ်ထားတဲ့ သေဒဏ်ပြစ်ဒဏ်ကို မကျေနပ်လို့ ထိုင်းတရားရေးဝက်ဘ်ဆိုဒ် ၃၀၀ ကို အရင် ၂ ပတ်က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အကျဉ်းထောင် ၀က်ဘ်ဆိုက်တွေကို ထပ်မံတိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

hacker attackတရားမျှတမှုအတွက် အမည်မသိအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတော့ ဘလင့်ခ် ဟက်ကာအုပ်စုရဲ့ ဟက်ကာ တက်ကြွလှုပ်ရှားသူတွေက ၀က်ဘ်ဆိုက်တွေကို စခရင်ရှော့ခ် ရိုက်ယူပြီး အကျဉ်းထောင် ၀က်ဘ်ဆိုက်တွေ တိုက်ခိုက်ထားတာကို ပြသထားပါတယ်။

ဇန်န၀ါရီ ၂၈ ရက် မနက် ၁၀ နာရီမှာတော့ ၀က်ဘ်ဆိုက်တခုကို ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ပေမယ့် တခြားဝက်ဘ်ဆိုက် ၁၉ ခုကတော့ ၁၀ နာရီ ၄၅ အထိ မရသေးဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဒီတကြိမ်တိုက်ခိုက်မှုမှာတော့ မြန်မာ ၂ ဦးသတ်မှုနဲ့ ပတ်သက်တယ်ဆိုတာကိုတော့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားခြင်း မရှိပါဘူး။

ဒါပေမယ့်လည်း လိပ်ကျွန်း၊ ထိုင်းကို သပိတ်မှောက် စတာတွေကိုတော့ # သင်္ကေတနဲ့ တက်ခ်လုပ်ထားသလို ဇန်န၀ါရီ ၁၀ ရက် လိပ်ကျွန်းမှာ ထပ်သေဆုံးသွားတဲ့ လူခ်မေလာကိုလည်း တက်ခ်လုပ်ထားပါတယ်။

သေဒဏ်ကျခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း (ဝေဖြိုး) တို့ဟာ အကျဉ်းထောင်ထဲမှာ မတော်တရော် ဆက်ဆံခံရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ သူတို့ ၂ ဦးကို ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင် ဘန်ခွမ် ဗဟိုအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013