DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ဓားဖြင့်ပြန်လည်ခုခံသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား
DVB
·
January 28, 2016
မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ဓားဖြင့်ပြန်လည်ခုခံသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား
1 / 4
Donate to DVB

ကျောက်ဖြူမြို့က နေအိမ်တလုံးမှာ WY စာတန်းပါ မူးယစ်ဆေးပြားတွေ အရောင်းအ၀ယ် ပြုလုပ်နေတယ်လို့ သတင်းအရ ရဲတပ်ဖွဲ့က ဇန်န၀ါရီလ ၂၇ ရက်နေ့ မနက် ၅ နာရီလောက်မှာ ၀င်ရောက်ရှာဖွေစဉ် ဓားနဲ့ ပြန်လည်ခုခံခဲ့တာကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ကျောက်ဖြူမြို့ ရခိုင်ပိုက်ဆိုက်ရပ်ကွက် ဆားပြင်ကွင်းဆင်းလမ်းနေ ဦးစံခင်မောင် ရဲ့ နေအိမ်ကို ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးကျော်ဌေး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ မူးယစ် အထူးတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအ၀င် ၀င်ရောက်ရှာဖွေရာမှာ ဓားနဲ့ပြန်လည် ခုခံမှု ဖြစ်ပွားခဲ့တာပါ။

သတင်းအရ ဦးစံခင်မောင် နေအိမ်ကို ၀င်ရောက်ရှာဖွေခဲ့ရာမှာ သူက ခုနှစ်လက်မလောက်ရှည်တဲ့ ဓားမြောင်နဲ့ ရဲတပ်ဖွဲ့ကို ခုခံခဲ့လို့ ရုန်းရင်းဆန်ခတ်ဖြစ်သွားကြောင်း ကျောက်ဖြူရဲစခန်း ရဲတပ်ကြပ် ကိုထွန်းလင်းက ပြောပါတယ်။

“ခုခံတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်သွားပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေမှာ နဖူးတွေ အနည်းငယ် ပွန်းသွားတာတော့ရှိပါတယ်။ ဒဏ်ရာတော့ မကြီးမားပါဘူး။”

ဦးစံခင်မောင်ရဲ့ နေအိမ်အတွင်းမှာ WY စာတန်းပါဆေးပြား ၁၃၄ ပြားနဲ့ ငွေကျပ် ၇၃၀၀၀၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဦးစံခင်မောင်ကို ကျောက်ဖြူရဲစခန်း မူးယစ် ပ အမှတ် ၁/၂၀၁၆ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉က/၂၀က/၂၁ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ ရဲတပ်ကြပ်က ပြောပါတယ်။

သတင်း - ထွန်းထွန်းနိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013