DVB Logo
Home
မြန်မာသတင်း
ဝါရင့် ပန်းချီဆရာကြီးများ၏ ပန်းချီပြခန်း (ဓာတ်ပုံ)
DVB
·
January 28, 2016
ဝါရင့် ပန်းချီဆရာကြီးများ၏ ပန်းချီပြခန်း (ဓာတ်ပုံ)
1 / 5
Donate to DVB

ဝါရင့် အနုပညာ ပန်းချီဆရာကြီးတွေ ဖြစ်ကြတဲ့ ဆရာဦးဝင်းဖေ၊ ဆရာဦးခင်မောင်ရင်၊ ဆရာဦးကြည်းမြင့်စောနဲ့ ဆရာဦးဝင်းဖေမြင့်တို့ရဲ့ လက်ရာ ပန်းချီကားတွေကို ရန်ကုန်မြို့ ၃၁ လမ်း အောက်ဘလောက်မှာရှိတဲ့ cloud 31 ပန်းချီပြခန်းမှာ ပြသနေပါတယ်။

G4 လို့ နာမည်ပေးထားတဲ့ အဲ့ဒီပန်းချီပြပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ဖေဖဝါရီလ ၂ ရက်နေ့အထိ ပြသသွားမှာဖြစ်ပါတယ်။ ပြသထားတဲ့ ပန်ချီကားအရေ အတွက်ကတော့ ၂၂ ကားဖြစ်ပြီး acrylic နဲ့ ဆီဆေးတွေကို အသုံးပြုပြီး ရေးသားထားတဲ့ ပန်ချီကားတွေဖြစ်ပါတယ်။

ပန်းချီကားတွေရဲ့ ဈေးနှုန်း အများစုကတော့ ဒေါ်လာ ၁၅၀၀ ဖြစ်ပြီး အမြင့်ဆုံး ပန်းချီကား ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀၀၀ ဖြစ်ပါတယ်။ အဲ့ဒီထဲက ဒေါ်လာ ၁၅၀၀ တန် ပန်းချီကား အချို့ကိုတော့ ဝယ်ယူသွားခဲ့ပြီ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013