DVB Logo
Home
မြန်မာသတင်း
သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်
DVB
·
January 28, 2016
သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်
Donate to DVB

ပထမအကြိမ် လွှတ်တော်သက်တမ်း ပြီးဆုံးဖို့ ၂ ရက်ပဲ လိုတော့တဲ့အချိန် ဇန်န၀ါရီ ၂၈ ရက် ဒီနေ့မှာပဲ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲနေတဲ့ သမ္မတတာဝန် ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးအတည်ပြုသွားဖို့ ရှိနေပါတယ်။

ဒါ့အပြင် လ၀က၀န်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ဦးစီးဌာနအနေနဲ့ ဖွဲ့သင့်၊ မသင့်ကို ဇန်န၀ါရီ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းဖို့လည်း ရှိနေပါသေးတယ်။

အခုလက်ရှိ နေပြည်တော်မှာ ၂၀၁၅ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ လွှတ်တော်အသီးသီးကို တက်ရောက်လေ့လာမှုတွေ ပြုလုပ်နေကြပါတယ်။ ဇန်န၀ါရီ ၂၉ ရက်မှာ လွှတ်တော်ကိုယ်စားလှယ် အဟောင်းတွေနဲ့ အသစ်တွေ တပေါင်းတည်း နှုတ်ဆက်ကြိုဆိုပွဲ ကျင်းပပြုလုပ်ဖို့ ရှိနေပြီး လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ ဦးတို့က ၁ ဦးကို သီချင်း ၂ ပုဒ်စီ သီဆိုဖျော်ဖြေကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အဲဒီ့ ကြိုဆိုနှုတ်ဆက်ပွဲမှာ လက်ရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း အဆိုတော် ကိုအံ့ကြီးရဲ့ ‘ကျေးရွာဝါဒ’ နဲ့ ‘စစ်ကိုင်းတောင်’ သီချင်းတွေကို သီဆိုသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013