DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူပေါင်း ၂ သိန်းခန့်ရှိဟု ကုလသတင်းထုတ်
DVB
·
January 27, 2016
နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူပေါင်း ၂ သိန်းခန့်ရှိဟု ကုလသတင်းထုတ်
Donate to DVB

၂၀၁၅ ခုနှစ်အတွင်း မြန်မာပြည်ထဲ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူပေါင်း ၂ သိန်းလောက် ရှိနေသေးတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ မြန်မာက ဇန်န၀ါရီ ၂၅ ရက်မှာ သတင်းထုတ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ သြဂုတ်လအတွင်း မြန်ပြည်တ၀န်း ရေဘေးကြောင့် အခုထိ နေရပ်မပြန်နိုင်သေးသူပေါင်း ၉၀၀၀ လောက်ရှိပြီး ဒုက္ခသည်စခန်းတွေမှာ အခုထိနေနေရသေးတယ်၊ အရေအတွက်အားဖြင့်လည်း အများဆုံး ဖြစ်ပါတယ်။

အဲ့ဒီနောက် ကိုးကန့်စစ်ပွဲကြောင့် နေရပ်မပြန်နိုင်သေးသူပေါင်း ၄၀၀၀ လောက်၊ ကချင်နဲ့ ရှမ်းမြောက်ပိုင်း တိုက်ပွဲတွေကြောင့် ၄၀၀၀ လောက်၊ ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ လောက် နေရပ်မပြန်နိုင်ဘဲ တိမ်းရှောင်နေကြရတုန်းလို့ ကုလသတင်းမှာ ဖော်ပြထားပါတယ်။

ဒီစာရင်းတွေဟာ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးနဲ့ စစ်ပွဲပဋိပက္ခတွေအတွင်း နေရပ်မပြန်နိုင်သေးကြသူတွေ စာရင်းဖြစ်ပြီး ရခိုင်ပြည်နယ်ထဲက နေရပ်မပြန်နိုင်သေးသူတွေ စာရင်း မပါသေးပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခတွကြောင့် ခုချိန်ထိ ဒေသခံ ၁၄၀၀၀၀ လောက် ဒုကသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြရတုန်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013