DVB Logo
Home
မြန်မာသတင်း
မြန်မာ အဂတိလိုက်စားမှုနှုန်း အနည်းငယ်လျော့ကျ
DVB
·
January 27, 2016
မြန်မာ အဂတိလိုက်စားမှုနှုန်း အနည်းငယ်လျော့ကျ
Donate to DVB

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဂတိလိုက်စားမှု အညွှန်းကိန်းအဆင့် ၁၆၇ အနက် ၁၄၇ နဲ့ အဂတိလိုက်စားမှု မြင့်မားနေဆဲဖြစ်တယ်လို့ နိုင်ငံတကာ အဂတိလိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့ (Transparency International) အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံနဲ့ အဂတိလိုက်စားမှုအဆင့်တူ နိုင်ငံတွေကတော့ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံနဲ့ ချဒ်နိုင်ငံတို့ဖြစ်ကြပါတယ်။ မြန်မာဟာ လွန်ခဲ့တဲ့ ၂ နှစ်က ၂၁ မှတ်ကနေ ၂၀၁၅ မှာ ၂၂ ကို တိုးတက်လာပါတယ်။

အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံအဆင့်လိုက်ကတော့ ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင်၊ နယူးဇီလန်၊ နယ်သာလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ စင်ကာပူ၊ ကနေဒါ၊ ဂျာမဏီ၊ လူဇင်ဘတ်၊ ယူနိုက်တက်ကင်းဒမ်း၊ သြစတြေးလျ၊ အိုက်စလန်၊ ဘယ်လဂျီယန်၊ သြစတြီးယား၊ အမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

မြန်မာ့အိမ်နီးချင်းတွေထဲမှာ အိန္ဒိယနဲ့ ထိုင်းက အဆင့် ၇၆၊ တရိုတ်က ၈၃ ရှိပါတယ်။

အဂတိလိုက်စားမှု အများဆုံးနိုင်ငံတွေကို အစဉ်လိုက်ပြထားရာမှာ ဆိုမာလီယာနိုင်ငံနဲ့ မြောက်ကိုရီးယားတို့က အဆိုးဆုံးဖြစ်ပြီး နောက်မှာ အာဖဂန်နစ်စတန်၊ ဆူဒန်၊ တောင်ပိုင်းဆူဒန်၊ အန်ဂိုလာ၊ လစ်ဗျား၊ အီရန်၊ ဗင်နီဇွဲလား၊ ယီမင်၊ ဆီးရီးယား၊ ဇင်ဘာဘွေတို့ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အညွှန်းကိန်းတွေအရ ပြည်သူလူထုက အဂတိလိုက်စားမှုကို အတူတကွ ပူးပေါင်းပြီး အောင်မြင်နိုင်တယ်ဆိုတာ ပြသတဲ့နှစ်ဖြစ်ကြောင်းနဲ့ အဂတိမှုတွေရှိနေဆဲဖြစ်ပေမယ့် နိုင်ငံအတော်များများ အဆင့်ရမှတ်တွေ တိုးတက်လာတယ်လို့ အဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၁၅ အကျင့်ပျက်ခြစားမှု ထင်မြင်ချက်အညွန်းကိန်းက ပြဆိုချက်ရှင်းရှင်းက အကျင့်ပျက်ခြစားမှုက တကမ္ဘာလုံး ထူပြောနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာဟာ ပြည်သူတွေ လမ်းမတွေပေါ်တက်ပြီး အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်ခဲ့ကြတယ်။

“ကမ္ဘာတလွှားက ပြည်သူတွေဟာ အာဏာရှိသူတွေကို ခိုင်ခိုင်မာမာ အချက်ပြခဲ့ကြတာကတော့ ကြီးမားတဲ့ အကျင့်ပျက်ခြစားမှုတွေကို ကိုင်တွယ်ဖို့ အချိန်ရောက်ပြီဆိုတာကိုပဲ” လို့ နိုင်ငံတကာ အဂတိလိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဟိုဆေးသြဂက်ဇ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013