DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြေစာပုံပြိုမှု အလောင်း ၅ လောင်း ဆေးရုံရောက်ရှိ
DVB
·
January 27, 2016
ဖားကန့်မြေစာပုံပြိုမှု  အလောင်း ၅ လောင်း ဆေးရုံရောက်ရှိ
Donate to DVB

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၅ ရက်နေ့ ညနေပိုင်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကမ်ခမ်းရွာအနီး စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် သေဆုံးပြီးတဲ့ အလောင်း ၅ လောင်း ဆေးရုံကို ရောက်လာတယ်လို့  ဖားကန့်ဆေးရုံက ပြောပါတယ်။

ဖားကန့်မြို့နယ် လက်ထောက်ဆေးရုံအုပ် ဒေါက်တာ ရဲရင့်အောင်က သေဆုံး အလောင်းတွေ ဇန်န၀ါရီလ ၂၆ ရက်နေ့ မနက် မိုးမလင်းခင်မှာ ရောက်လာကြတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“ကယ်ဆယ်ရေးအဖွဲ့က သေဆုံးသူတွေကို မနေ့မနက် ၁ နာရီ ၄၅ မိနစ်အချိန်မှာ လာပို့ ထားတယ်။ စုစုပေါင်း ၅ လောင်းရှိတယ်၊  သူတို့က အများအားဖြင့် ပါးစပ်ထဲ၊ နှာခေါင်းထဲနဲ့ အဆုတ်ထဲ မြေကြီးတွေဝင်ပြီး အသက်ရှူပိတ်ပြီးသေဆုံးသွားကြတာဖြစ်တယ်၊  အားလုံး အသက် ၂၀ ကျော်၊ ၃၀ ကျော် လူရွယ်တွေပဲ။”

သေဆုံးသူတွေကတော့ နော်မိုင် (၂၀  နှစ်)၊ ဆဒန်ဒေါင်ခေါင် (၃၉ နှစ်)၊ တန်ကွန်း (၂၆ နှစ် )၊ ဇော်နော် (၂၄) နှစ်နဲ့ ကျော်စိုးနိုင် (၂၃ နှစ်) တို့ဖြစ်ပြီး  သူတို့ဇာတိရပ်မြေတွေတော့ မသိရပါဘူး။

အေပီသတင်းဌာနကတော့ ၂၅ ရက်နေ့ မြေစာပုံပြိုကျမှုကြောင့် အနည်းဆုံးလူ ၆ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ မြေစာပုံအောက်မှာ ကျန်ရှိနေနိုင်ကြောင်း ဈာပနအတွက် ဆောင်ရွက်နေတဲ့ ဘက်ပတစ်ခရစ်ယာန်သင်းအုပ်ဆရာ ဒတ်လရဲ့ အပြောကို  ကိုးကားဖော်ပြထားပါတယ်။

ဖားကန့်ဒေသအပိုင် လုံးခင်းရဲစခန်း တာဝန်ကျ ရဲတပ်ကြပ်ကြီးတဦးကတော့  လူ ၁၀၀ ကျော် မြေစာပုံအောက်ရောက်သွားပေမယ့် အားလုံးထွက်ပြေး လွတ်မြောက်တယ်လို့ ဒီဗွီဘီကို ဇန်န၀ါရီ ၂၆ ရက်နေ့က ဖြေကြားခဲ့ပါတယ်။

မြေပြိုတဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့သူ လုံးခင်းဒေသခံ ဦးလောခန်က မြေစာပုံအောက်မှာ လူအယောက် လေးငါးဆယ်ရှိမယ်လို့ ရေမဆေးကျောက်ရှာသူတွေက သူ့ကိုပြောခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါမြေစာပုံတွေဟာ ရတနာရောင်ခြည် ကျေက်တူးဖော်ရေးကုမ္ပဏီနဲ့ မြစ်ဆုံဧရာကျောက်တူးဖော်ရေး ကုမ္ပဏီတွေရဲ့ လုပ်ကွက်ထဲမှာ တည်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013