DVB Logo
Home
မြန်မာသတင်း
မြန်မာပါဝင်သည့် မဲခေါင်မြစ်တွင်း မှုခင်းထောက်လှမ်းရေးသင်္ဘော စတင်ကင်းလှည့်
DVB
·
January 26, 2016
မြန်မာပါဝင်သည့် မဲခေါင်မြစ်တွင်း မှုခင်းထောက်လှမ်းရေးသင်္ဘော စတင်ကင်းလှည့်
Donate to DVB

မြန်မာနိုင်ငံအပါအ၀င် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေ ပူးပေါင်းပြီး မဲခေါင်မြစ်တွင်း ပြစ်မှုမှုခင်းစုံစမ်းထောက်လှမ်းရေးဆိုင်ရာ ကင်းလှည့် သင်္ဘောခရီးစဉ်ကို ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ စတင်လိုက်ပါတယ်။

၎ ရက်တာကြာမြင့်မယ့် ဒီကင်းလှည့်ခရီးစဉ်ကို တရုတ်နိုင်ငံအနောက် တောင်ပိုင်း၊ ယူနန်ခရိုင်၊ စီရွှန်းဘန်နာမြို့၊ ဂူအန်လိုင်ဆိပ်ကမ်းမှာ မနက် ၈ နာရီက စတင်ရေချခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ဒီခရီးစဉ်မှာ ဥပဒေကြောင်းဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ့် သင်္ဘော ၈ စီး ပါဝင်ပြီး တရုတ်နိုင်ငံမှ ၅ စီးနဲ့ လာအိုနိုင်ငံမှ ၃ စီးပါဝင်တာဖြစ်တယ်လို့ ဆိုပါတယ်။

သင်္ဘောပေါ်မှာ နိုင်ငံလေးနိုင်ငံမှ ဥပဒေပြစ်မှုဆိုင်ရာအရာရှိတွေပါဝင်ပြီး ရွှေတြိဂံ ဒေသဆီ ဆက်လက်ထွက်ခွာကာ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူမှောင်ခိုကူးတာတွေ လိုပြစ်မှုကျူးလွန်တာတွေကို စုံစမ်းစစ်ဆေးကြမှာ ဖြစ်ပါတယ်။

ခုလိုလေးနိုင်ငံပူးပေါင်းပြီး ကင်းလှည့်သင်္ဘောလှည့်ခရီးစဉ်ကို ၂၀၁၁ ခုနှစ် ဒီဇင် ဘာလမှာ စတင်ခဲ့တာဖြစ်ပြီး ဒါဟာ ၄၂ ကြိမ်မြောက်ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်အောက်တိုဘာလ ၅ ရက်နေ့မှာ ထိုင်းရေပိုင်နက်တွင်းမှာ တရုတ် ကုန်တင်သင်္ဘော ၂စီးကို လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်ပြီး တရုတ်သင်္ဘောသား ၁၃ ဦးအသတ်ခံခဲ့ရတဲ့နောက်ပိုင်းမှာ ခုလိုပူးပေါင်းစစ်ဆေးမှုစတင်ခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013