DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းဒေသခံတောင်သူတွေနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေကြား ပဋိပက္ခဖြစ်
DVB
·
January 26, 2016
လက်ပံတောင်းဒေသခံတောင်သူတွေနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေကြား  ပဋိပက္ခဖြစ်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်း သိမ်းဆည်းထားသော မြေယာများအတွက် သီနှံလျော်ကြေးနှင့် ပတ်သတ်ပြီး လက်ပံတောင်း ဆက်ဆံရေးရုံးအတွင်း ဖြေရှင်းရာကြမှ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနှင့် ဒေသခံတောင်သူတွေ အကြား မပြေမလည်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့က သီးနှံလျော်ကြေးအတွက် ဒေသခံတောင်သူတွေနှင့် ကုမ္ပဏီအကြား ညှိနှိုင်းပေးမည်ဟု ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူးက ကတိပေးပြောကြားခဲ့ပြီးနောက် ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လည် ၂ နာရီခန့်က လက်ပံတောင်းဆက်ဆံရေးရုံးအတွင်း ဖြေရှင်းရာမှာ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများဟာ တရုပ်ပြည်မသို့ ခေတ္တပြန်သွားတဲ့အတွက် အုပ်ချုပ်ရေးပိုင်းက အဆုံးဖြတ်မပေးနိုင်ကြောင်း တိုင်းဒေသကြီးအုပ်ချုပ်ရေးပိုင်း တာဝန်ရှိတွေက ဒေသခံတွေကို လာရောက်အကြောင်းကြားခဲ့ပါတယ်။

လာရောက်အကြောင်းကြားဖြေရှင်းရာမှာ စစ်ကိုင်းတိုင်းနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန်းနိုင်၊ သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်အပါအဝင် ဒေသဆိုင်ရာ တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပါတယ်။

အဆိုပါ ဆက်ဆံရေးရုံးအတွင်း အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများနှင့် လက်ပံတောင်းဒေသခံများ တွေ့ဆုံရာမှ နှစ်ဘက် စကားအခြေတင်များရာမှ ပဋိပက္ခဖြစ်ပြီး ရုံးအတွင်းမှာတွင်ပင် ဆန္ဒထုတ်ဖော်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဆက်ဆံရေးရုံးသို့ လာရောက်တွေ့ဆုံခဲ့ ရာမှာ မိုးကြိုးပြင်၊ ဇီးတော၊ ဆည်တည်း၊ တုံရွာအုပ်စု စသည့် ကျေးရွာများမှ ဒေသခံတောင်သူ ၂၀၀ ကျော် ပါဝင်ကြောင်း သိရပါတယ်။

ဒေသခံများအနေဖြင့် သီးနှံလျော်ကြေးရရှိရန် ဆန္ဒထုတ်ဖော်ရာမှာ အကြိမ်ရေ ၅ ကြိမ်ရှိခဲ့ပြီး ယခုလို ဆက်ဆံရေးရုံးသို့ မတွေ့ဆုံခင် တစ်ရက်က ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော် နေစဉ်မှာ ယင်းမာပင်အုပ်ချုပ်ရေးမှူးက ကြေးနီစီမံကိန်းက တာဝန်ရှိသူများနှင့် ဒေသခံတောင်သူ တွေအကြား သီးနှံလျော်ကြေးအတွက် တွေ့ဆုံဖြေရှင်းညှိနှိုင်းပေးမည်ဟု ဒေသခံတောင်သူတွေ ကို ကတိပေးပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

သတင်းနှင့် ဓာတ်ပုံ - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013