DVB Logo
Home
Lead Story
တာတိုမာရသွန်ပြိုင်ပွဲတွင် ဆုရခဲ့သည့် ခွေးမလေး (ဓာတ်ပုံ)
DVB
·
January 26, 2016
တာတိုမာရသွန်ပြိုင်ပွဲတွင် ဆုရခဲ့သည့် ခွေးမလေး (ဓာတ်ပုံ)
1 / 6
Donate to DVB

လူအများစုဟာ အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ လနဲ့ချီ လေ့ကျင့်ပြီးမှ အောင်မြင်မှုရကြတာ ဖြစ်ပေမယ့် ဒီခွေးမလေးကတော့ လူသားတွေနဲ့ ပါဝင်ယှဉ်ပြိုင်ရတဲ့ တာတိုမာရသွန်ပြိုင်ပွဲမှာ ဆုရရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ပြည်နယ်တခုဖြစ်တဲ့ အယ်လ်ဘားမား ပြည်နယ်ထဲက လူဒီဗိုင်းအမည်ရတဲ့ ခွေးမလေးဟာ ခရီး ၁၃ မိုင်ကျော် အကွာအဝေးရှိတဲ့ တာတိုမာရသွန် အပြေးပြိုင်ပွဲမှာ ဆုရရှိခဲ့လို့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတာပါ။

သူဟာ အသက် ၂ နှစ်ခွဲသာရှိသေးပြီး ပြိုင်ပွဲဝင်စံချိန် ၁ နာရီ၊ ၃၂ မိနစ်၊ ၅၆ စက္ကန့်နဲ့ အဆင့် ၇ နေရာကို ရရှိထားခဲ့တာလို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။

သူဟာ အက်လ်ခ်မန့်မြို့က သူ့သခင်ရဲ့ ဥယျာဉ်ခြံထဲကနေ ပြေးထွက်ပြီး ပြိုင်ပွဲစတင်တဲ့ နေရာကနေ ပါဝင်ခဲ့တာပါ။

လူဒီဗိုင်းရဲ့သခင်ဖြစ်တဲ့ ဧပရယ်ဟမ်လင်းက သူဟာ တခါမှ  ခုလို မြို့ထဲကို လှည့်ပတ်သွားလာလေ့ မရှိဘဲ ခုလို မာရသွန်ပြေးပွဲမှာ ဆုရခဲ့တဲ့အတွက် အံ့သြမိတယ်လို့ ပြောပါတယ်။

ပြိုင်ပွဲတွင်း ပါဝင်ယှဉ်ပြိုင်ခဲ့သူတဦးကလည်း “သူ(လူဒီဗိုင်း) ကျမနောက်က ပြေးလိုက်လာတာကို သိတယ်။ တနေရာရာမှာတော့ သူကျန်နေခဲ့မှာပဲလို့ ထင်ပေမယ့် သူက ကျမကို ကျော်တက်ပြီး လူ ၂ ယောက်ရှေ့ကို ရောက်သွားခဲ့ပြီး အနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီအပြေးပြိုင်ပွဲမှာ စေတနာ့ဝန်ထမ်း ပါဝင်ကူညီပေးသူတွေက လူဒီဗိုင်းရဲ့ နောက်ဆုံးပန်းဝင်ကြိုးကို ဖြတ်ကာ အဆင့် ၇ နေရာထိ ရရှိခဲ့တဲ့ ဓာတ်ပုံတွေကို သူ့ရဲ့သခင်ကို ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - WeRunHuntsville/G Gelmis & J Armstrong

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013