DVB Logo
Home
မြန်မာသတင်း
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ငန်းများ ဖေဖော်ဝါရီလတွင် စတင်မည်
DVB
·
January 26, 2016
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ငန်းများ ဖေဖော်ဝါရီလတွင် စတင်မည်
Donate to DVB

မြန်မာနိုင်ငံ သားရိုင်းတိရစ္ဆာန်ထိမ်းသိမ်းကာကွယ်ရေးအသင်းဟာ နှစ်စဉ်ပြုလုပ် နေကျဖြစ်တဲ့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းလေ့လာရေး သုတေသနလုပ်ငန်းတွေကို လာ မယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်တော့မယ်လို့ ပြောပါတယ်။

၁၀ ရက်တာ ကြာမြင့်မယ့် ဒီသုတေသနလုပ်ငန်းတွေကို မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့မှ မြောက်ပိုင်းဗန်းမော်မြို့အထိ ဧရာဝတီမြစ်ကြောင်းတလျှောက်လုပ်ဆောင် သွားကြမှာဖြစ်တယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ်ရေးအသင်းအနေနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက မန္တလေးနဲ့ ကျောက်မြောင်းကြား ထိန်းသိမ်းကာကွယ်ရေးဧရိယာမှာ တွေ့ရှိခဲ့တဲ့ ရှားပါးလင်းပိုင်သားပေါက်တကောင်နဲ့ ပတ်သက်ပြီး သုတေသနလုပ်ငန်း တွေဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ဧရာဝတီလင်းပိုင်တွေကို အရှေ့တောင်အာရှနိုင်ငံ ကမ်းရိုးတန်းဒေသတွေ၊ ဒီရေ ၀င်မြစ်ဝကျယ်တွေမှာ အထူးသဖြင့် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ တွေမှာ တွေ့ရတာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် စာရင်းကောက်ယူမှုတွေအရ မန္တလေးနဲ့ ဗန်းမော်ကြားမှာ ဧရာဝတီလင်းပိုင်ကောင်ရေ ၅၈ ကောင်တွေ့ရှိရပြီး ၂၀၁၄ ခုနှစ်မှာတော့ ၇၂ ကောင်ရှိခဲ့ တဲ့အတွက် ကောင်ရေလျော့နည်းလာခဲ့တာပါ။

ဧရာဝတီလင်းပိုင်အများစုဟာ တရားမ၀င်လျှပ်စစ်ဝါယာရှော့ခ်ရိုက် ဖမ်းဆီးတာ တွေကြောင့်သေဆုံးရတာဖြစ်ပြီး တချို့ကတော့ ပိုက်ကွန်နဲ့ဖမ်းဆီးတာတွေကြောင့် သေ ဆုံးနေရတာဖြစ်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

အစိုးရအနေနဲ့ နိုင်ငံတ၀ှမ်း တရားမ၀င်လျှပ်စစ်ဝါယာရှော့ခ်ရိုက်ပြီး ငါးဖမ်းဆီး တာတွေပြုလုပ်ရင် ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၃၀၀ လောက် ဒဏ်ကြေးပေးဆောင်ရမှာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်သတိပေးထားခဲ့တာ ပါ။

အစိုးရသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းကာကွယ်ရေး သမားတွေဟာ ငါးလုပ်ငန်းဦးစီးဌာနနဲ့ သက်ဆိုင်ရာရဲဌာနပူးပေါင်းပြီး မြစ်ကြောင်းတ လျှောက် ၂ လ တကြိမ်စောင့်ကြပ်ကာကွယ်မှုပြုလုပ်နိုင်ဖို့ အသင်းဖွဲ့စည်းခဲ့ကြပါတယ်။

ဧရာဝတီမြစ်ဟာ မြောက်မှတောင်သို့စီးဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး မြစ်တစင်းဖြစ်ပြီး အဓိကရေကြောင်း ခရီးသွားလာမှုလုပ်တဲ့မြစ်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013