DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းဒေသတွင် သိမ်းဆည်းမြေယာများအတွက် သီးနှံလျော်ကြေးရရှိရန် ဆန္ဒပြ၊ အုပ်ချုပ်ရေးမှူး လာရောက်ညှိနှိုင်း
DVB
·
January 26, 2016
လက်ပံတောင်းဒေသတွင် သိမ်းဆည်းမြေယာများအတွက် သီးနှံလျော်ကြေးရရှိရန် ဆန္ဒပြ၊ အုပ်ချုပ်ရေးမှူး လာရောက်ညှိနှိုင်း
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း သိမ်းဆည်းထားတဲ့ မြေယာတွေအတွက် သီးနှံလျော်ကြေးရရှိဖို့ ဒေသခံတောင်သူ ၁၀၀ လောက်က  ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လည်ပိုင်းက  ပုသိမ်-မုံရွာလမ်းထိပ် ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဆန္ဒထုတ်ရာမှာ ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူးက လာရောက်ညှိနှိုင်းဖြေရှင်းခဲ့ပါတယ်။

ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းက ဒေသခံတောင်သူတွေနဲ့ ကုမ္ပဏီအကြား ဖြေရှင်းညှိနှိုင်းဖို့  ဇန်နဝါရီ ၂၆ ရက် ဒီနေ့မှာ  လက်ပံတောင်းတောင်ညှိနှိုင်းရေးရုံးမှာ နှစ်ဘက်တွေ့ပေးမယ်လို့ ဒေသခံတောင်သူတွေကို ကတိပေးခဲ့ပါတယ်။

သီးနှံလျော်ကြေးဟာ လယ်မြေဧက ၂၀၀၀ နီးပါး ပေးလျော်ရမည်ဖြစ်ပြီး လျော်ကြေး မရရှိသေးလို့ အခုနှစ်မှာ သီးနှံထပ်မံစိုက်ပျိုးဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း ဒေသခံတောင်သူတွေက ဆိုပါတယ်။

သီးနှံလျော်ကြေးရရှိဖို့ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့ မိုးကြိုးပြင်၊ ဆည်တည်းနဲ့ တုံကျေးရွားစတဲ့ ဒေသခံ ၆၀ ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတဲ့အတွက်လည်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းရှေ့မှာ  ညနေချိန်အထိ ထပ်မံဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သီးနှံလျော်ကြေးရဖို့  ဝမ်ပေါင်ကုမ္ပဏီကို စာနဲ့ တင်ပြ တွေ့ခွင့်တောင်းပေမယ့် မရတဲ့အတွက် ဒေသခံ တောင်သူတွေက ၅ ကြိမ်မြောက်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013