DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြစ်ဝတွင် ဗီယက်နမ်ကုန်တင်ရေယာဉ် ဆီတင်သင်္ဘောကို တိုက်မိပြီး နစ်မြုပ် (သတင်းဓာတ်ပုံ)
DVB
·
January 26, 2016
ရန်ကုန်မြစ်ဝတွင် ဗီယက်နမ်ကုန်တင်ရေယာဉ် ဆီတင်သင်္ဘောကို တိုက်မိပြီး နစ်မြုပ် (သတင်းဓာတ်ပုံ)
1 / 4
Donate to DVB

ရန်ကုန်မြစ်ဝမှာ ကျောက်ချရပ်နားထားတဲ့ ဗီယက်နမ်ကုန်တင်ရေယာဉ် M.V Thein Phu Silver ဟာ ကျောက်မျောပြီး အနီးမှာရပ်ထားတဲ့ ဆီတင်ရေယာဉ် MT Ocean Osprey ကို ၀င်တိုက်ခဲ့ပါတယ်။

ဇန်န၀ါရီ ၂၅ ရက် မနက် ၁ နာရီလောက်က ဖြစ်ပွားခဲ့ပြီး ၀င်တိုက်ခဲ့တဲ့ ဗီယက်နမ် ကုန်တင်ရေယာဉ် နစ်မြုပ်ခဲ့လို့ အဲဒီသင်္ဘောပေါ်က ရေယာဉ်အမှုထမ်းတွေကို ဆီတင်ရေယာဉ် MT Ocean Osprey က ကယ်ဆယ်ထားတယ်လို့ မြန်မာ့တပ်မတော်-ရေက သတင်းထုတ်ပြန်ပါတယ်။

အဲဒီနောက် ဗီယက်နမ်ကုန်တင်ရေယာဉ် နစ်မြုပ်ရာနေရာနဲ့ မိုင် ၃၀ ခန့်အကွာမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်ရေမှ စစ်ရေယာဉ် ၅၅၇ က ဆီတင်ရေယာဉ် MT Ocean Osprey မှ ကယ်တင်ထားတဲ့ ဗီယက်နမ်လူမျိုး ရေယာဉ်အမှုထမ်း ၁၄ ဦးကို နန်းသီတာဆိပ်ကမ်းထိ ပို့ဆောင်ပေးခဲ့ပါတယ်။

သတင်းဓာတ်ပုံ - တပ်မတော်-ရေ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013