DVB Logo
Home
မြန်မာသတင်း
ရဲနှင့်စည်ပင်တို့ ဖိအားပေးမှုကြောင့် လှိုင်သာယာကျူးကျော်တဲများ ပိုင်ရှင်ကိုယ်တိုင် ဖျက်နေရ
DVB
·
January 25, 2016
ရဲနှင့်စည်ပင်တို့ ဖိအားပေးမှုကြောင့် လှိုင်သာယာကျူးကျော်တဲများ ပိုင်ရှင်ကိုယ်တိုင် ဖျက်နေရ
1 / 6
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ညောင်ကျေးရွာအုပ်စု ဒိုင်စုရပ်ကွက်အလယ်မှာရှိတဲ့ ကျူးကျော်ဆောက်လုပ်နေထိုင်ကြသူတွေကို ရဲနှင့် စည်ပင် ဖိအားပေးဖျက်ခိုင်းတာကြောင့် ဒီနေ့ နေ့လည်မှာ ကျူးကျော်တဲပိုင်ရှင်ကိုယ်တိုင် တဲတွေ ဖျက်ဆီးနေရပါတယ်။

“ရဲနဲ့စည်​ပင်​​တွေ ဖိအား​ပေး ခြိမ်း​ခြောက်​​နေပြီး၊ ကိုယ့်​အိမ်​ကို ဖျက်​​နေရပါတယ်​။ အခု ဟာက စက်​ရုံနဲ့မလွတ်​တဲ့ အိမ်​​တွေကို အဓိက ဖိအားေ​ပး ဖျက်​ခိုင်းနေတာပါ။ မဖျက်​ရင်​ ကျန်​တဲ့ အိမ်​​တွေပါ စီမံချက်​ထဲထည့်​မယ်​ဆိုလို့ ကျန်​အိမ်​​တွေငဲ့ညှာပြီး အခု အိမ်​ ၄၀ က ကိုယ့်​ဖာသာဖျက်​ ​နေရတယ်”​လို့  အဖျက်​ခံရတဲ့ ဦးကြည်​လွင်​က​ ပြောပါတယ်​။

“ဒီရွာမှာနေလာတာ အနေကြာပြီ၊ အိမ်ဂရံပေါက်တွေလည်း ရှိတယ်။ မရှိတဲ့တွေလည်း မရှိဘူး”လို့ ဒိုင်စုရပ်ကွက်မှာနေတဲ့ ကိုကြည်လွင်က ဆက်ပြောပါတယ်။

ကျူးကျော်တဲတွေကို မြို့တော်စည်ပင်သာယာရေးဌာနမှ ဇန်န၀ါရီ ၂၃ ရက်နေ့မှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့ အကြောင်းကြားစာ ပို့ထားခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး ပြောင်းရွေ့အခြေချ နေထိုင်သူတွေများလာပြီး အိမ်ခြေ ၄၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ကျော်ထဲမှ ယခုဖယ်ရှားပေးဖို့ အကြောင်းကြားခံရသူများမှာ အိမ်ခြေ ၄၀ ကျော်နှင့် လူဦးရေ ၁၉၀ ကျော် ပါဝင်ပြီး ကျပန်းအလုပ်သမားတွေ၊ စက်ရုံအလုပ်သမားတွေနဲ့ ကျောင်းသူ၊ ကျောင်းသား ၃၅ ယောက်တို့ နေထိုင်နေကြပါတယ်။

သတင်းဓာတ်ပုံ - ဦးညိုထွန်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013