DVB Logo
Home
မြန်မာသတင်း
ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတက်ရန် အနိုင်ရကိုယ်စားလှယ်များထံ သတင်းပို့ (ဓာတ်ပုံ)
DVB
·
January 25, 2016
ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတက်ရန် အနိုင်ရကိုယ်စားလှယ်များထံ သတင်းပို့ (ဓာတ်ပုံ)
1 / 5
Donate to DVB

ဒုတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို တက်ရောက်ဖို့အတွက် သတင်းပို့မှုတွေကို ဇန်န၀ါရီ ၂၅၊ ၂၆ ရက်နေ့တွေမှာ ကိုယ်စားလှယ်တွေက နေပြည်တော်မှာရှိတဲ့ သက်ဆိုင်ရာ ရုံးတွေမှာ သတင်းပေးပို့နေကြပါတယ်။

သတင်းပေးပို့မှုကို တပ်မတော်သား ကိုယ်စားလှယ်တွေအတွက် ရွာတော် တည်းခိုရိပ်သာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရ ကိုယ်စားလှယ်တွေအတွက် ပြည်ခိုင်ဖြိုးရုံးချုပ်၊ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ အခြားပါတီတွေက အနိုင်ရရှိတဲ့ ကိုယ်စားလှယ်တွေက အသီးသီး စာရင်းပေးသွင်းနေကြပါတယ်။

ဒီကနေ့ ဇန်န၀ါရီ ၂၅ ရက်နေ့၊ နေ့လယ်ပိုင်းအထိ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ပြည်သူ့လွှတ်တော်အတွက် သတင်းပေးပို့သူ ဦးရေ ၆၀ ကျော် ရှိနေပြီလို့ ပြည်သူ့လွှတ်တော်ရုံး အစည်းအဝေး ကော်မတီ ရေးရာဌာန ညွှန်ကြားရေးမှူး ဒေါက်တာထူးမောင် (ညွှန်ကြားရေးမှူး) က ဒီဗွီဘီကို ပြောပါတယ်။

ကိုယ်စားလှယ်တွေကို လွှတ်တော်ကိုယ်စားလှယ် အသိအမှတ်ပြုလွှာ၊ စိစစ်ရေးလက်မှတ်၊ စရိတ်ချီးမြှင့်ငွေနဲ့ ခရီးစရိတ်၊ နေထိုင်မှုတို့ကို စီစဉ်ဆောင်ရွက်ပေးနိုင်ဖို့ အခုလို သတင်းပေးပို့ကြရတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013