DVB Logo
Home
မြန်မာသတင်း
ကာချုပ်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်များ တွေ့ဆုံ
DVB
·
January 24, 2016
ကာချုပ်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်များ တွေ့ဆုံ
Donate to DVB

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သတင်း မီဒီယာ ကောင်စီဝင်တွေနဲ့ ပထမဆုံးအကြိမ်အဖြစ် ဇန်န၀ါရီ (၂၄)ရက်နေ့ နေ့လည် (၂)နာရီက ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဘုရင့်ရိပ်သာမှာတွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံမှုကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် တပ်မတော် အဆင့်မြင့် အရာရှိ ၁၁ ဦးနဲ့ မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီဝင် ၂၁ ဦးတက်ရောက်ခဲ့ကြတာပါ။

အဲဒီတွေ့ဆုံမှုမှာတော့ ငြိမ်းချမ်းရေးကိစ္စ၊ သတင်းရယူရေးကိစ္စအပါအ၀င် အခြား ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစော ကပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ကတော့ သတင်းရေးသားဖော်ပြမှုတွေမှာ စစ်တပ်လို့ သုံးနှုန်းနေမှုကိုတပ်မတော်လို့ ပြောင်းလဲသုံးစေချင်ကြောင်း ပြောဆိုခဲ့ပြီး မေးမြန်းမှုအချို့ကိုတော့ ပြန်လည်ဖြေကြားမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဇန်န၀ါရီလ (၂၅)ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းများထွက်ပေါ်နေတာတွေနဲ့ ပတ်သတ်ပြီး ဦးသီဟစောက အခုလိုပြောပါတယ်။

"ဒေါ်စုနဲ့ မနက်ဖြန်တွေ့မလားဆိုတာကို ဆရာဖေကလည်း မေးတယ်။ ကိုဒီမင်းလည်း မေးတယ်။ ဒါပေမယ့် အဖြေပေး မသွားဘူး" ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း တွေ့ဆုံဆွေးနွေးမှုရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013