DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ အစိုးရသစ်အနေဖြင့် အခွန်အပြည့်အ၀ရအောင် ဆောင်ရွက်မည်ဟု ဆို
DVB
·
January 24, 2016
အန်အယ်လ်ဒီ အစိုးရသစ်အနေဖြင့် အခွန်အပြည့်အ၀ရအောင် ဆောင်ရွက်မည်ဟု ဆို
1 / 4
Donate to DVB

အန်အယ်လ်ဒီ အစိုးရသစ်အနေနဲ့ အခွန်အခတွေကို အပြည့်အ၀ရအောင်ဆောင်ရွက်ပြီး ပြည်သူတွေ မရှိမဖြစ် လိုအပ်တဲ့နေရာတွေမှာ အဓိကသုံးစွဲသွားမယ်လို့ စီးပွားရေးဆိုင်ရာ လေ့လာရေးကော်မရှင် အဖွဲ့ခေါင်းဆောင် ဦးမျိုးမြင့်က ပြောပါတယ်။

ဇန်န၀ါရီလ ၂၃ ရက် နေ့လည်ပိုင်းက ဂျပန်နို်င်ငံရောက် မြန်မာနိုင်ငံသားများနဲ့ တိုကျိုမြို့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လေ့လာရေးကိုယ်စားလှယ်အဖွဲ့ဟာ ဂျပန်နိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေကို လေ့လာဖို့  ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာရောက်ရှိနေချိန် ဂျပန်ရဲ့တိကျတဲ့ အခွန်ဥပဒေတွေ၊ စီးပွားရေး ကုန်သွယ်ရေးနဲ့ လယ်ယာကဏ္ဍတွေကို အထူးလေ့လာသွားမယ်လို့ အဖွဲ့ဝင် ဦးစိုးဝင်းက ရှင်းလင်းပြောဆိုခဲ့ ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ရန်ကုန်တိုင်းက ရွေးချယ်ခံကိုယ်စားလှယ်တဦးဖြစ်တဲ့ နော်ပန်းသဉ္ဇာမျိုးက “ဂျပန်ရဲ့ နည်းပညာတွေနဲ့ အိုဒီအေ အကူအညီတွေက မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ အရေးတကြီး လိုအပ်ပြီး ပိုမိုမျှော်လင့်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်အစိုးရက ဖိတ်ခေါ်ထားတဲ့ ဦးမျိုးမြင့်ဦးဆောင်တဲ့ အဖွဲ့ချုပ်ရဲ့ စီးပွားရေးလေ့လာရေးအဖွဲ့မှာ ဦးစိုးဝင်း၊ ဒေါက်တာသန်းမြင့်၊ ဦးလေးညွန့်၊ ဦးမြင့်သောင်း၊ ဦးဘဟိန်း၊ ဒေါက်တာမောင်မောင်စိုး၊ ဦးသိန်းဦး၊ Akr Khi Sah၊ ဒေါ်အောင်ကြည်၊ ဦးလင်းလင်းကျော်၊ ဒေါ်မြသိင်္ဂီမော်၊ ဦးစိုင်းကျာ်ဇော၊ နော်ပန်းသဉ္ဇာမျိုးနဲ့ ဒေါ်ရီရီထွန်းတို့ ၁၅ ဦး ပါဝင်ပြီး ဇန်န၀ါရီလ ၃၀ ရက်နေ့အထိ ဂျပန်နိုင်ငံမှာ နေထိုင်ပြီး လေ့လာကြမှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013