DVB Logo
Home
မြန်မာသတင်း
မီးပုံးပျံစီး ကမ္ဘာလှည့်လုပ်ငန်းက အမေရိကန်ဒေါ်လာ ၆ သန်းခွဲခန့် ရရှိခဲ့
DVB
·
January 24, 2016
မီးပုံးပျံစီး ကမ္ဘာလှည့်လုပ်ငန်းက အမေရိကန်ဒေါ်လာ ၆ သန်းခွဲခန့် ရရှိခဲ့
1 / 5
Donate to DVB

၂၀၁၅ ခုနှစ်အတွင်း မီးပုံပျံစီး ကမ္ဘာလှည့်ခရီးသည်ဦးရေ တိုးတက်များပြားခဲ့ပြီး အဲ့ဒီ လုပ်ငန်းကနေ အမေရိကန်ဒေါ်လာ ၆ သန်းခွဲအထိ တိုးတက်ရရှိခဲ့တယ်လို့ ဟိုတယ်ခရီးဝန်ကြီး ဌာနက စုံစမ်း သိရပါတယ်။

ဂျာမန်၊ ပြင်သစ်၊ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံး စီးနင်ခဲ့ကြပြီး အာရှတိုက်က ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံသားတို့လည်း မီးပုံပျံ စီးနင်းခဲ့ကြပါတယ်။ တနှစ်အတွင်း ကမာလှည့်ခရီးသည် ၂၀၀၀၀ ကျော် စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာ မန္တလေးနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတို့အပြင် အင်းလေး၊ စစ်ကိုင်း၊ မုံရွာ၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့ တို့မှာ မီးပုံးပျံစီးနင်းခွင့်ပြုထားပါတယ်။

ပုဂံချစ်သူများအဖွဲ့က ကိုမင်းနိုင်ကတော့ မီးပုံးပျံစီးတဲ့ဧည့်သည်က အမြဲပြည့်နေပြီး ကြိုတင်ဘွတ်ကင် လုပ်ထားမှ စီးလို့ရတယ်လို့ ပြောပါတယ်။

“သူက ဘောလုံးအနီဆိုရင် ဆယ့်လေးငါးလုံးစီးတာ ဧည့်သည်အပြည့်ပဲ။ ဧည့်သည်တွေဆို ဘွတ်ကင် တင်မထားရင် မရဘူး။ အမေရိကန်ဆို အမေရိကန်မှာ ဖြတ်ထား၊ ဂျာမနီဆို ဂျာမနီမှာ ကြိုပြီး ဖြတ်ထားမှ ရတယ်။ မီးပုံးပျံစီးခကတယောက် အမေရိကန်ဒေါ်လာ ၃၈၀ ဖြစ်ပြီး ၈ ယောက်စီး မီးပုံးပျံကနေ ၁၈ ယောက်စီး မီးပုံးပျံထိ ရှိတယ်”လို့လည်း ပြောပါတယ်။

ခရီးသွားရာသီဖြစ်တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီ ၄ လပဲ မီးပုံးပျံစီးနိုင်ပြီး လေကြောင်း မကောင်းတဲ့နေ့တွေဆို မပြေးဘူးလို့လည်း သိရပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013