DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်းမြို့နယ် ၀ိသုတာရုံ ဓမ္မဗိမာန်ကျောင်းတိုက်အတွင်း မြေပြို၊ ၃ ဦးသေဆုံး (ရုပ်သံ)
DVB
·
January 24, 2016
မရမ်းကုန်းမြို့နယ် ၀ိသုတာရုံ ဓမ္မဗိမာန်ကျောင်းတိုက်အတွင်း မြေပြို၊ ၃ ဦးသေဆုံး (ရုပ်သံ)
Donate to DVB

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက မြေပြိုမှု ဖြစ်ပွားပြီး မြေတူးလုပ်သား ၃ ယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် နာဂလှိုင်ဂူအနီး ဝိသုတာရုံ ဓမ္မဗိမာန်ကျောင်းတိုက်အတွင်း အလုပ်သမား ၈ ယောက် မြေတူးနေတုန်း မြေပြိုကျကာ မြေပိပြီး သေဆုံးခဲ့တာလို့ အဲ့ဒီနေရာမှာ ကူညီကယ်ဆယ်ခဲ့တဲ့ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းက ကိုအောင်သူရက ပြောပါတယ်။

“တောင်ကုန်းလိုမျိုးမြေကြီးကို တူကြတာပေါ့၊တူးကြတော့ အပေါ်ယံကနေ မတူးဘဲ အောက်ကနေတူးကြတော့ တူးတဲ့အချိန်မှာ မြေက ပြိုကျတာ၊ တူးတာက ၈ ယောက်၊ ၁ ယောက် ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ သေသွားတာက ၃ ယောက်၊ အသက်တွေက ၂၈ တယောက်၊ ၃၈နှစ် တယောက်ပါတယ်။ ၃၅ နှစ် တယောက် သေတယ်။”

အခင်းဖြစ်ပွားတဲ့နေရာမှာ မီးသတ်ရှာဖွေကယ်ဆယ်အဖွဲ့နဲ့တာဝန်ရှိသူများ ဆက်လက်ရှာဖွေ နေကြပြီး မြေပိပြီး သေဆုံးသူ ၃ ယောက်ရဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီလို့ သိရပါတယ်။

ရုပ်သံ - ဇွဲရန်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013