DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် နှစ် ၁၁၀ ပြည့်ပွဲတော် ၃ ရက်ကြာ ကျင်းပနေ (ဓာတ်ပုံ)
DVB
·
January 24, 2016
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် နှစ် ၁၁၀ ပြည့်ပွဲတော် ၃ ရက်ကြာ ကျင်းပနေ (ဓာတ်ပုံ)
1 / 7
Donate to DVB

ဇန်နဝါရီ ၂၅ ရက်တွင် ကျရောက်မယ့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် နှစ် (၁၁ဝ)ပြည့်ပွဲတော်ကို  ဇန်နဝါရီ ၂၃ ရက်နေ့ကနေ၂၅ ရက်အထိ သုံးရက်ကြာ ကျင်းပနေပါတယ်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ နှစ်(၁၁၀)ပြည့်ပွဲမှာ ဈေးရောင်းပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ တိရစ္ဆာန်လေးတွေရဲ့ စွမ်းရည်ပြပွဲနဲ့ ပညာပေးပြခန်း စတာတွေကို ပါဝင်ခင်းကျင်းပြသထားပါတယ်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉ဝ၆ ခုနှစ် ဇန်နဝါရီ ၂၅ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ အကျယ်အဝန်း ၆၉ ဒသမ ၂၉ ဧကကျယ်ဝန်းပါတယ်။

လက်ရှိအချိန်မှာ နို့တိုက်သတ္တဝါမျိုးစိတ်၄၅မျိုး အကောင်ရေ ၆၀၀ ကျော်၊ ကျေးငှက်သတ္တဝါမျိုးစိတ် ၆၉ မျိုး အကောင်ရေ ၅၈၀ ကျော် တွားသွားသတ္တဝါမျိုးစိတ် ၁၈ မျိုး အကောင်ရေ ၂၀၀ ကျော် စုစုပေါင်းတိရစ္ဆာန်မျိုးစုံ ၁၃၀၀ ကျော် ထိန်းသိမ်းပြသထားပါတယ်။

လက်ရှိမှာတော့ Htoo Zoos & Gardens Business Unit က အစိုးရဆီကနေ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို လွှဲပြောင်းလည်ပတ်နေတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013