DVB Logo
Home
မြန်မာသတင်း
ပထမတန်းကျောင်းသူ ကလီစာထုတ်ယူခံရသည့်သတင်း မဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့ ငြင်းဆို
DVB
·
January 24, 2016
ပထမတန်းကျောင်းသူ ကလီစာထုတ်ယူခံရသည့်သတင်း မဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့ ငြင်းဆို
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အတွင်းရှိ ဖုတ္တန်းကျေးရွာမှာ အသက် ၇ အရွယ် ပထမတန်း ကျောင်းသူကလေးတစ်ဦးအား ခိုးယူပြီး ဗိုက်ထဲက ကလီစာတွေ ထုတ်တယ်လို့ လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့ခဲ့တဲ့ကိစ္စ မဟုတ်မမှန်ကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ ပါတယ်။

ဇန်န၀ါရီ ၂၂ နေ့က အိမ်နီးချင်းဖြစ်သူ အသက် ၁၈ အရွယ်အမျိုးသားငယ်တစ်ဦးက အသက် ၇ နှစ်အရွယ် အဆိုပါကလေးငယ်အား ကျေးရွာအနီး လယ်ကြားမြောင်းထဲမှာ ဓါးဖြင့် ၀မ်းဗိုက်ကိုထိုးကာ သေကြောင်းကြံစည်ခဲ့ကြောင်း ကလေးငယ်ရဲ့ မိခင်ဖြစ်သူက မူးကြီးနယ်မြေရဲစခန်းကို တိုင်ကြားအမှုဖွင့် ခဲ့ပါတယ်။

အခင်းဖြစ်ပွားပြီးနောက်မှာ ဒေသတ၀ိုက် လူမှုကွန်ရက်ပေါ်တွင် ကလေးငယ်အား ဗိုက်ခွဲပြီး တခြားနိုင်ငံသို့ တင်ပို့ရန် ကလီစာများကို ထုတ်ယူခဲ့တယ်ဆိုတဲ့ ကောလဟာလအတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
အခုလို ကလေးငယ်ကို ဓားဖြင့်ထိုးခဲ့တဲ့ အပြစ်ကျူးလွန်ခဲ့တဲ့ အသက် ၁၈ အရွယ် အမျိုးသားကို ဖမ်းဆီးထားပြီး စစ်ဆေးနေဆဲဖြစ်တယ်လို့ မူးကြီးနယ်မြေစခန်းမှုး ရဲအုပ်နိုင်ဌေးက ပြောကြား ပါတယ်။ ဓားနဲ့ အထိုးခံရတဲ့ ကလေးငယ်ဟာလည်း ရွှေဘိုဆေးရုံတွင် ကုသမှုခံယူ နေရပြီး အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ်မရှိတော့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013