
ကချင်ပြည်နယ်က အတွင်းက ပြည်သူလူထုအခြေပြု မူးချစ်တိုက်ပျက်ရေးအဖွဲ့နဲ့ပတ်သက်ပြီး ဖားကန့်ဒေသ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မီတီခေါင်းဆောင် ဦးမရန်ဂျာလကို မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်က အတွင်းက ပြည်သူလူထုအခြေပြု မူးချစ်တိုက်ပျက်ရေးအဖွဲ့ ကို ဘယ်တုန်းက စဖွဲ့လဲ။
“၂၀၁၄ ခုနှစ်က စဖွဲ့တာပါ။ ”
ဘာကြောင့်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့တာလဲ။
“ကျနော်တို့ ဗမာပြည်မှာက အားလုံးသိတဲ့အတိုင်းပဲ မူးယစ်ဆေးဝါးဆိုးကျိုး၊ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်တွေက ပြည်သူလူထုတွေ ခါးခါးသီးသီးခံနေရတာ နှစ်ပေါင်း လေးငါးဆယ်ရှိနေပြီလေ။ အစိုးရနဲ့တကွ အဖွဲ့အစည်းတွေ မူးယစ်ဆေးဝါးတိုက်ဖျက်ကြတာ မအောင်မြင်တဲ့အပြင်ကို ပိုပိုဆိုးလာတဲ့အတွက် လူထုတွေက ဒီလိုလက်ပိုက်ကြည့်လို့လည်း မရတော့တဲ့ အနေအထားမှာ ဖွဲ့စည်းလာခဲ့တာ။ ”
ဒီအဖွဲ့ကို ဘယ်သူက ဦးဆောင်ဖွဲ့တာလဲ။ ဘယ်လိုလူတွေက ဦးဆောင်ဖွဲ့စည်းတာလဲ။
“အဓိကက ကျနော်တို့ ကချင်လူထုထဲက ပညာတတ်တွေ၊ နောက် ဘာသာရေး ဦးစီးဦးဆောင် လူကြီးတွေက ဦးဆောင်လာဖွဲ့စည်းခဲ့တာပါ။ ”
ဒီလူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မျာ အဖွဲ့ဝင်ပေါင်း ဘယ်လောက်ရှိလဲ။
“ဒါကတော့ လူထုတွေ ဘယ်လောက်ပါတယ်ဘာညာ အတိုင်းအတာတော့ မရှိဘူးလေ။ သဘောပေါက်တဲ့လူထုတိုင်းကတော့ ပါဝင်တာပဲ။ ”
စတင်ဖွဲ့စည်းတဲ့ ၂၀၁၄ ကနေ ဒီနှစ် ၂၀၁၆ နှစ်ဆန်းအထိ နှစ်နှစ်လောက်အတွင်းမှာ ဘာတွေ လုပ်ဆောင်ခဲ့လဲ။ ဘယ်လိုအောင်မြင်မှုတွေ ရခဲ့လဲဆိုတာ ပြောပြပါဦး။
“ကျနော်တို့ စတင်ဖွဲ့စည်းတဲ့ ၂၀၁၄ တနှစ်လုံးကတော့ ပြည်သူလူထုတွေကြားမှာ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုး၊ မူးယစ်ဆေးဝါးအန္တရာယ် အားလုံးသိရှိအောင်ဆိုပြီး အမြင်ဖွင့်တဲ့ သင်တန်းတွေ ဦးစွာလုပ်တာပေါ့။ အမျိုးမျိုးစာတွေ၊ ဆိုင်းဘုတ်ကပ်တာတို့ အဲလို ပညာပေးအမျိုးမျိုးလုပ်ခဲ့တယ်လေ။ ပြီးတော့ ၂၀၁၅ ခုနှစ်ကနေ စပြီးမှ ရောင်းဝယ်ဖောက်ကားတဲ့လူ၊ စိုက်ပျိုးတဲ့လူတွေကို ဦးတည်ပြီးမှ ကျနော်တို့ တိုက်ဖျက်တာဖြစ်ပါတယ်။ ဒီလိုနည်းတူပဲ ဘိန်းခင်းတွေ ဖျက်စီးတယ်။ ရောင်းဝယ်တဲ့သူတွေကို ဖော်ထုတ်ဖမ်းဆီးတယ်။ အစိုးရလက်ထဲအပ်တယ်။ မူးယစ်ဆေးစွဲတဲ့ လူတွေကိုကျတော့ ကျနော်တို့ ဘိန်းဖြတ်စခန်းတွေ ကျနော်တို့ ဖွင့်ထားပေးပါတယ်။ ”
ဘိန်းဖြတ်တဲ့စခန်းတွေမှာ မူးယစ်ဆေးစွဲသူပေါင်း ဘယ်လောက်ရှိလဲ။
“စာရင်းအတိအကျတော့ မသိဘူး။ ကျနော်တို့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစခန်းတွေက ၉၀ ကျော်ရှိပါတယ်။ ဒီကချင်ပြည်နယ်ရော၊ ရှမ်းပြည်မြောက်ပိုင်းရောပေါ့နော်။ ”
အခုလို ဘိန်းခင်းတွေကို လိုက်ဖျက်စီးတာတွေ၊ ဖမ်းဆီးတာတွေလုပ်တဲ့အခါမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရတာမျိုးတွေရှိလဲ။
“အခက်အခဲကတော့ အများကြီးပါပဲ။ ဒီဘိန်းခင်းလုပ်တဲ့လူတွေ ကျနော်တို့ကို အတားအဆီး လုပ်တာ။ အန္တာရယ်ပြုတာတို့၊ အသက်အန္တရာယ်ကို ရန်ရှာတဲ့အထိကို နှောက်ယှက်တိုက်ခိုက်ခံနေ ရပါတယ်။ ”
ပြီးခဲ့တဲ့ တရက်နှစ်ရက်ကပဲ ဘိန်းသွားဖျက်တဲ့လူငယ်တယောက်က အသက်ဆုံးရှုံးခဲ့တာကို သိရတယ်လေ။ ဆိုတော့ ဒီလို ဘိန်းခင်းတွေ လိုက်ဖျက်လို့ အတိုက်ခိုက်ခံရတာ၊ အသတ်ခံရတာတွေ ထိခိုက်ဒဏ်ရာရတာ ဒီနှစ်နှစ်အတွင်းမှာ ဘယ်လောက်ရှိလဲ။
“နှောင့်ယှက်ခံရတာတော့ အများကြီးပါပဲ။ ဒါပေမယ့် အသက်သေတဲ့အထိဖြစ်တာ ဒီတခါ ပထမဦးဆုံးပါ။ ”
အန်ကယ်တို့ ဒီပညာပေးတာ၊ ဘိန်းခင်းတွေ လိုက်ဖျက်တာတို့ လုပ်တဲ့အခါမှာ သွားရေးလာရေးတို့၊ ကုန်ကျစရိတ်တွေကလည်း ရှိမှာပဲလေ။ အဲဒီဘတ်ဂျက်ကို ဘယ်က ရတာလဲ။
“အဓိကကတော့ ပြည်သူထုပါပဲ။ စောစောက ကျနော်ပြောသလိုပေါ့ အမြင်ဖွင့်တဲ့အခါကျတော့ အဓိက ဒါဟာ တမျိုးသားလုံးရဲ့ အဓိက ဘုံရန်သူဆိုတော သိတဲ့အခါကျတော့ လူထုတွေ ကူညီထဲထဲကပဲ ကျနော်တို့ သုံးစွဲခြင်းဖြစ်ပါတယ်။”
ဘိန်းခင်းစိုက်သူတွေ၊ ရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းတယ်ဆိုလို့ ဖမ်းဆီးရမိတဲ့သူတွေကို ဘာလုပ်လဲ။
“ကျနော်တို့က တကယ့်တရားခံမှန်းသိတယ်။ ထင်ရှားတယ်ဆိုလို့ရှိရင် အစိုးရလက်ထဲကို အပ်ပြီးတော့ ဥပဒေလမ်းကြောင်းအရ တရားစွဲတယ်။ ပြီးတော့ အကျင့်ပျက် သုံးစွဲပြီးတော့ ရောင်းရှုဆိုတဲ့သဘောပေါ့။ တကယ့်ကုန်သည်မဟုတ်ဘူး။ သူက နည်းနည်းပါးပါးရောင်းပြီးတော့ အမြတ်ထဲက ရှုတဲ့ဟာမျိုးကို ရောင်းရှုလို့ ခေါ်တာပေါ့နော်။ အဲလို လူမျိုးကျတော့ ကျနော်တို့ ထောင်ထဲမှာ ဒုက္ခမရောက်စေချင်ဘူး။ အဲဒါကြောင့် သူတို့ ဆိုဆုံးမတယ်။ တခါတလေ ကျိန်ဒဏ်ပေးတယ်။ အပြင်းထန်ဆုံးက နယ်နင်ဒဏ်ပေးတာတို့ဘာတို့ အဲလို ဆုံးတယ်။ ”
ဆိုတော့ ဒီလိုလုပ်လာတဲ့နှစ်နှစ်အတွင်းမှာ ဘိန်းစိုက်ပျိုးမှုတွေ လျော့နည်းသွားတာ၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းသွားတာတွေရှိလား။
“လျော့နည်းသွားသလားဆိုတော့ အရင်တုန်းက ဒိလိုမျိုး ရပ်ရွာထဲမှာ တရားဝင်လို ရောင်းဝယ်ရေးတွေ မရှိတော့ဘူး။ အခုကတော့ ပါဆယ်ခေါ်တာပေါ့နော်။ သွားရင်းလာရင်း ဖြန့်ဝေတာတော့ ရှိပါတယ်။ ”
ဒေသခံအာဏာပိုင်တွေအနေနဲ့က ကိုယ်သွားပြောမှပဲ ပူးပေါင်းဆောင်ရွက်တာတွေ ရှိတဲ့အခါကျတော့ တခါတလေ အဖွဲ့က လုပ်တဲ့အလုပ်မှာ အာဏာပိုင်တွေက တားဆီးတာတွေရှိ လားရှင်။
“အစပိုင်းကတော့ တယောက်နဲ့တယောက် နားလည်မှုလွှဲတာပေါ့နော်။ ဒါပေမယ့် နောက်ပိုင်း ဒီကျနော်တို့ မူးယစ်ဆေးဝါးက ကမ္ဘာကကော၊ ဘယ်ဘာသာကမှ လက်မခံဘူး။ ဒါက နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ဟာက သူတို့ သိသွားတဲ့အခါကျတော့ နောက်ပိုင်း တားဆီးတာတို့ အနှောက်အယှက်ပေးတာတို့ မရှိတော့ပါဘူး။”
အခုမူးယစ်ဆေးတိုက်ဖျက်လာတဲ့တရှောက်မှာ ဘိန်းခင်းစိုက်တဲ့သူတွေက ဘယ်လိုလူတွေများလဲ။
“သိရသလောက်ဆိုရင် သူတို့က အသိညာဏ်နည်းပါးတာပေါ့နော်။ ဒီနယ်စွန်နယ်ဖျားမှာ နေထိုင်တဲ့ ကျနော်တို့ရဲ့ တိုင်းရင်းသားတွေဖြစ်ပါတယ်။ သူတို့က အမြင်မကျယ်မှုကြောင့်အဓိက အခက်အခဲ ဖြစ်တယ်ဆိုတာမြင်ရပါတယ်။ ”
အရင်တုန်းကလည်း ကျမတို့ကြားနေတာက ဘိန်းစိုက်တာတွေက လက်နက်တိုင်အဖွဲ့အစည်းနဲ့ ဆက်စပ်တာတို့ကြားရတယ်လေ။ အဒါ ဘယ်တွေ့ရလဲ။
“အဲဒါကတော့ ဒီလဒ်ပေးလဒ်ယူမှုခေါ်ရမှာပေါ့နော်။ ဒါကတော့ အနည်းနဲ့အများကတော့ ပတ်သက်မှာပါ။ အခုဘိန်းခင်းတွေ ဖျက်ဆီးနေတာကလည်း ဒီမြို့နဲ့ မလှမ်းမကမ်း၊ မြို့ဧရိယာ အတွင်းလောက်လို့ခေါ်ရမလား အဲလို နေရာမျိုးကအများကြီးပါတာကို။ ရွာတွေမှာလည်းအစိုးရ၊ ဌာနဆိုင်ရာအားလုံး ရှိတယ်လေ။ အခု တနှိုင်းမြို့ဆိုရင် မြို့နဲ့ မလှမ်းမကမ်းမှာ ကျနော်တို့ ဖျက်စီးနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကတော့ တာဝန်ရှိပုဂ္ဂိုတယောက် နှစ်ယောက်ရဲ့ ပယောဂမကင်းဘူးလို့ ကျနော်တို့ ယူဆပါတယ်။ ”
ဒီဘိန်းခင်းတွေ ဖျက်တဲ့နေရာမှာ လည်းဒေသခွဲထားတယ်လို့သိရတယ်။ ဘယ်လိုခွဲထားတာလဲ။
“ဧရာဝတီမြစ်ဖျားဖက်၊ နောက်အရှေ့ဖက်ရယ်။ ဟူးကောင်းချိုင်းဝှမ်း ဆိုပြီးခွဲထားပါတယ်။”
ဒီနှစ်နှစ်အတွင်းမှာ ဖျက်စိးခဲ့တဲ့ ဘိန်းဧကက ဘယ်လောက်ရှိလဲ။
“လောလောဆယ် ပြောလို့မရသေးဘူး။ စာရင်းမချုပ်ရသေးဘူး။ တဖွဲ့နဲ့တဖွဲ့လည်း အဆက်အသွယ် မရသေးဘူး။ ၀ိုင်းမော်ဖက်ကဆိုရင် အတားအဆီးများလို့ အလုပ်တောင်မစနိုင်သေးဘူး။ ”
ဟုတ်ကဲ့။ နောက်ဆုံးတခြားဘာပြောချင်တာရှိဦးမလဲ။
“ကျနော်ပြောချင်တာကတော့ မူးယစ်ဆေးဝါးဆိုတော့ တကယ့်လူထုရဲ့ ဘုံရန်သူဖြစ်ပါတယ်။ မူးယစ်ဆေးဝါးဟာ တကယ့်နိုင်ငံတော်ရဲ့အရေးကြီးတဲ့ လူ့စွမ်းအားကို အကြီးအကျယ် ဖျက်ဆီးတဲ့ ရန်သူဖြစ်ပါတယ်။ လူထုအယောက်စီတိုင်း၊ နိုင့်ငံသားအယောက်စီတိုင်းမှာ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ တာဝန်ရှိပါတယ်လို့ ပြောချင်ပါတယ်။”











