DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မှာ ကျုးကျော်နေသူတွေကို စတင်ရှင်း၊ ဖေဖော်ဝါရီလကုန်မှာ အပြတ်ရှင်းမယ်ဟုဆို
DVB
·
January 23, 2016
ရန်ကုန်မှာ ကျုးကျော်နေသူတွေကို စတင်ရှင်း၊ ဖေဖော်ဝါရီလကုန်မှာ အပြတ်ရှင်းမယ်ဟုဆို
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ကျုးကျော်နေထိုင်သူ အိမ်ထောင်စု ၇၀လောက်ကို ဒီနေ့ စတင်ရှင်းလင်းဖယ်ရှားလိုက်ပါတယ်။

စစ်တပ်ပိုင် မြ၀တီသတင်းဌာနက ရန်ကုန်တိုင်းအတွင်း ကျုးကျော်နေထိုင်သူတွေကို ဒီနေ့ကစပြီး ဖေဖော်ဝါရီလကုန် နောက်ဆုံးထား ရှင်းလင်းဖယ်ရှားသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတဦးကို ကိုးကားပြီး  ဇန်န၀ါရီ ၂၁ရက်က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၊ စက်မှုဇုန်များနဲ့  နီးကပ်တဲ့ နေရာများမှာ  ကျူးကျော် နေထိုင်သူ များစွာ ရှိနေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် ၃၃ မြို့နယ် အတွင်း ကျူးကျော် နေထိုင်သူ ၂၇ဝဝဝဝ ကျော် ရှိကာ လှိုင်သာယာမြို့နယ်မှာ ကျူးကျော် နေထိုင်သူ ၉၆ဝဝဝ ကျော်ဖြင့် အများဆုံး ဖြစ်တယ်လို့ မြ၀တီသတင်းမှာ ဖော်ပြထားပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်က ရွေးကောက်ခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းကတော့ ဒီနေ့ ဖယ်ရှား ရှင်းလင်းခဲ့တဲ့မြေနေရာဟာ ကုန်မဏီတခုပိုင်ဖြစ်လို့ ဖယ်ရှားရှင်းလင်ခဲ့တာဖြစ်တယ်။ ဖယ်ရှားခံရတဲ့ အိမ်ထောင်စုတွေကို ဒဂုံဆိပ်ကမ်း အန်အယ်လ်ဒီ အနေနဲ့ တတ်နိုင်သလောက် ၀ိုင်းဝန်းစောင့်ရှောက် ကူညီပေးနေတယ်လို့ ပြောပါတယ်။

မြ၀တီသတင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ဒီနေ့ ဇန်န၀ါရီ ၂၃ မှာ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စတင်ရှင်းလင်းခဲ့တာဖြစ်ပြီး ဇန်န၀ါရီ ၂၆ ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်ထဲက ကျုးကျော်တွေကို ဆက်လက်ရှင်းလင်း ဖယ်ရှားသွားမယ်လို့လည်း သိရပါတယ်။

အစိုးရသစ်ကို တာဝန်လွှဲပြောင်းပေးရမယ့် အသွင်ကူးပြောင်းရေး ကြားကာလအတွင်း ရန်ကုန်မှာ အခုလို ကျုးကျော်နေသူတွေကို ဖယ်ရှားရှင်းလင်းနေတာဟာ ဆူပူမှုများဖြစ်ပွားအောင် တမင် လုပ်ဆောင်နေတာလားလို့ ဝေဖန်ပြစ်တင်မှုတွေလည်း  ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013