DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံ စီးပွားရေးလေ့လာရန် အန်အယ်လ်ဒီကို ဖိတ်ခေါ်
DVB
·
January 23, 2016
ဂျပန်နိုင်ငံ စီးပွားရေးလေ့လာရန် အန်အယ်လ်ဒီကို ဖိတ်ခေါ်
Donate to DVB

နိပွန်ဖောင်ဒေးရှင်းရဲ့ အစီအစဉ်နဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေကို လေ့လာဖို့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၁၅ ဦးပါဝင်တဲ့ စီးပွားရေးဆိုင်ရာ လေ့လာရေးကော်မရှင်အဖွဲ့ကို ဂျပန်နိုင်ငံကိုဖိတ်ခေါ်ထားတယ်လို့ တိုကျိုအခြေစိုက် နိပွန်ဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာပါတယ်။

နိပွန်ဖောင်ဒေးရှင်းဟာ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရရဲ့ တရားဝင်ကိုယ်စားလှယ် ပေးအပ်ခံထားရတဲ့ အဖွဲ့အစည်းကြီးလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာဇန်န၀ါရီလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့အထိလေ့လာဖို့ ဖိတ်ခေါ်ထားတဲ့ ဦးမျိုးမြင့်ဦးဆောင်တဲ့ အဖွဲ့ချုပ်ရဲ့ စီးပွားရေးလေ့လာရေးအဖွဲ့မှာ ဒေါက်တာသန်းမြင့်၊ ဦးလေးညွန့်၊ ဦးစိုးဝင်း၊ ဦးမြင့်သောင်း၊ ဒေါက်တာကျော်ဝင်း၊ ဒေါက်တာမောင်မောင်စိုး၊ ဦးသိန်းဦး၊ Akr Khi Sah၊ ဒေါ်အောင်ကြည်၊ ဦးလင်းလင်းကျော်၊ ဒေါ်မြသိင်္ဂီမော်၊ ဦးစိုင်းကျာ်ဇော၊ ဒေါ်နော်ပန်းသဉ္ဇာမျိုးနဲ့ ဒေါ်ရီရီထွန်းတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင် စီးပွားရေးတွေကို ရပ်ဆိုင်းပြီး အခွန်ရှောင်မှုများ နှိမ်နင်းကာအခွန်အခများ အပြည့်အဝရအောင် ဆောင်ရွက်သွားဖို့  အပါအ၀င် စီးပွားရေးမူဝါဒလမ်းစဉ်အချက် ၅ ချက်ထုတ်ပြန်ထားပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013