DVB Logo
Home
မြန်မာသတင်း
အစားအစာ ၃ မျိုး စားမိရာက အစာအဆိပ် သင့်၍ ကလေးငယ်တစ်ဦး သေဆုံး
DVB
·
January 23, 2016
အစားအစာ ၃ မျိုး စားမိရာက အစာအဆိပ် သင့်၍ ကလေးငယ်တစ်ဦး သေဆုံး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ် မှတ်တိုင်အုပ်စု ဟဲနားကျေးရွာမှာ အစားအစာ သုံးမျိုး စားမိရာက အစာအဆိပ်သင့်ပြီး ၁ နှစ်ခွဲအရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။

ယိုးဒယား ဆီးသီး၊ မရွေးမုန့်နဲ့ ရွှေဥကြော် အစားအစာတွေကို အတူစားခဲ့တယ်လို့ သေဆုံးသွားတဲ့ မချစ်စုမွန်ရဲ့ မိဘတွေက ဆိုပါတယ်။

“ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည်ပိုင်း အချိန်လောက်မှာ သားဖြစ်သူ ဇင်ယော်မောင်မောင် အသက် ၆ နှစ်နဲ့ သမီးဖြစ်သူ မချစ်စုမွန် အသက် တစ်နှစ်ငါးလ အရွယ် မောင်နှမနှစ်ယောက် ဟာ ယိုးဒယား ဆီးသီး၊ မရွေးမုန် နဲ့ ရွှေဥကြော် အစားအစာတို့ကို အတူစားနေခဲ့တာ။”

အခုလို အစားအစာ သုံးမျိုးစားပြီး ၁ နာရီလောက် အချိန်မှာတော့ ကလေးငယ်နှစ်ဦးဟာ မူးဝေ အော့အန်လာတဲ့အတွက် ဆေးကုသမှုခံယူဖို့ နီးစပ်ရာ ကသာမြို့ ပြည့်သူဆေးရုံသို့ လာရောက်ခဲ့ပေမယ့်လည်း ၁ နှစ်ခွဲအရွယ် မချစ်စုမွန်ဟာ ဆေးရုံကို ရောက်ရောက်ခြင်း အသက်ဆုံးသွားခဲ့ပါတယ်။

ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တာနဲ့ ပတ်သက်လို့ အစားအစာ သုံးမျိုးစားပြီး အစာအဆိပ် သင့်တာ ဟုတ်၊ မဟုတ် သိရှိနိုင်ဖို့အတွက် ဓာတ်ခွဲစမ်းသပ် လုပ်ဆောင်သွားမယ် လို့ ကသာခရိုင် ပြည်သူ့ ဆေးရုံကြီး မှ တာဝန်ခံ ဆရာဝန် ဒေါက်တာ ဝဏ္ဏသောင်း က ပြောပါတယ်။

သတင်းဓာတ်ပုံ - သီဟဆွေ (ကသာ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013