DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ရွှေဆိုင်ဓားပြတိုက်ပြီး မြန်မာနိုင်ငံတိမ်းရှောင်သူကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး
DVB
·
January 23, 2016
ထိုင်းတွင် ရွှေဆိုင်ဓားပြတိုက်ပြီး မြန်မာနိုင်ငံတိမ်းရှောင်သူကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး
1 / 3
Donate to DVB

ထိုင်းနိုင်ငံ ရွှေဆိုင်တဆိုင်မှာ ရွှေ ၆၀ ကျပ်သား ဓားပြတိုက်ပြီး မြန်မာနိုင်ငံထဲ တိမ်းရှောင်နေသူကို ဖမ်းမိထားတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူဟာ ထိုင်းနိုင်ငံအယုဒ္ဓယမြို့နယ်ထဲ ပြန်လည်ရောက်ရှိတယ်လို့ သတင်းရရှိပြီး ထိုင်းအာဏာပိုင်တွေက ယခုလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ထိုင်း မန်နေဂျာအွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

ကန်ချနဘူရီ နယ်စပ် တဖက်ကမ်း မြန်မာနိုင်ငံထဲမှာ သွားရောက်တိမ်းရှောင်နေတယ်လို့ သတင်းထဲမှာ ရေးထားပေမယ့် မြန်မာပြည် ဘယ်မြို့နယ်ဆိုတာ ဖော်ပြထားတာ မရှိပါဘူး။

ပြစ်မှု ကျူးလွန်သူ ထိုင်းနိုင်ငံသား နိုင်မေထရီ ထွက်ဆိုချက်အရ ရွှေ ၁၃ ကျပ်သားကိုသာ ယူသွာတာဖြစ်ပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ ၆၀ ကျပ်သားယူသွာတယ်ဆိုတာ မဟုတ်ကြောင်း ဆိုပါတယ်။

ရွှေ ၁၃ ကျပ်သားကိုလည်း ရနောင်းမြို့နယ်မှာ ၆ ကျပ်သား ရောင်းလိုက်သလို မြန်မာပြည်ထဲမှာ ၇ ကျပ်သား ရောင်းခဲ့ပါတယ်။

၂၀၁၅ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ရွှေဆိုင်ရဲ့ မှန်တွေကို ထုခွဲပြီး ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီးတော့လည်း ထိုင်းအာဏပိုင်တွေက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကိုးကား - မန်နေဂျာအွန်လိုင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013