DVB Logo
Home
မြန်မာသတင်း
ကလေး ၂ သန်းကျော်ကို ပိုလီယိုကာကွယ်ဆေး ယနေ့ စတင် တိုက်ကျွေးမည်
DVB
·
January 23, 2016
ကလေး ၂ သန်းကျော်ကို ပိုလီယိုကာကွယ်ဆေး ယနေ့ စတင် တိုက်ကျွေးမည်
Donate to DVB

မွေးကင်းစကနေ အသက် ၅ နှစ်အရွယ်ထိ ကလေးများကို ဒီနေ့ကစပြီး ဇန်န၀ါရီ ၂၅ ရက်အထိ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါ ကာကွယ်ရေးဌာနညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

နေပြည်တော်ကလွဲပြီး ကျန်ပြည်နယ်တိုင်းအသီးသီးရှိ မြို့နယ်ပေါင်း ၁၇၀ ကျော်က ကလေး ၂သန်းကျော်ကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှာဖြစ်ပြီး အခုလို ကာကွယ်ဆေး တိုက်ကျွေးခဲ့တာ ၁၀ ကြိမ်ကျော်ပြီ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ကလေး ၂ ယောက်မှာ ပိုလီယိုရောဂါပိုး တွေ့ရှိခဲ့လို့ အခုလို ကာကွယ်ဆေးတိုက်ကျွေးတာဖြစ်ပြီး ၂၀၁၈ခုနှစ်မှာ မြန်မာဟာ ပိုလီယိုရောဂါပိုး ကင်းစင်တဲ့နိုင်ငံတခုဖြစ်ရေး ရည်မှန်းလုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013