DVB Logo
Home
မြန်မာသတင်း
ကလေးငယ်ကို ခိုးယူပေါင်းသင်းသူ တရားခံပြေးအား နယ်စပ်မြို့တွင် ဖမ်းဆီးမိ
DVB
·
January 21, 2016
ကလေးငယ်ကို ခိုးယူပေါင်းသင်းသူ တရားခံပြေးအား နယ်စပ်မြို့တွင် ဖမ်းဆီးမိ
1 / 2
Donate to DVB

မကွေးတိုင်းမှ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်အား အလိုမတူဘဲ ခိုးယူပေါင်းသင်းခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လာသူ တရားခံပြေး တစ်ဦးအား ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် တာချီလိတ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့ပါတယ်။

12509579_1224017687613702_6240433063917751009_n"ဆန်ဆိုင်း (ခ) ရပ်ကွက်၊ (၅) လမ်းထဲမှာ တရားခံပြေးတစ်ယောက်ရှိတယ်။ သတင်းကြားလို့ သွားဖမ်းတာပါ၊ ကောင်မလေးကို အလိုမတူဘဲ ၂ ရက်လောက် ခိုးယူပေါင်းသင်းလို့ မကွေးတိုင်းမှာ အမှုဖွင့်ထားတဲ့ တရားခံပြေးတစ်ယောက်ပါ"ဟု တာချီလိတ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှပြောပါတယ်။

အမှုမှ တရားခံ လင်းလင်းကို(ခ)မှဲ့ကြီး အသက်(၂၃)နှစ်သည် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မန်ကျည်းကုန်းကြီးကျေးရွာမှ အသက် ၁၃ နှစ် မိန်းကလေးအား လွန်ခဲ့သည့် ၂ လခန့်က သားမယားအဖြစ် ၁ ကြိမ်ပြုကျင့်ပြီး (၂)ရက်ခန့် ခိုးယူပေါင်းသင်းခဲ့ပြီး ထွက်ပြေး တိမ်းရှောင်လာခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှသိရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသော တရားခံအား နယ်ထိန်းတပ်ဖွဲ့ခေါင်းဆောင် ဒုရဲအုပ်မြင့်ထွေး၊ နယ်ထိန်း မှတ်တမ်းထိန်း ရဲတပ်ကြပ်ကြီး စိုးမင်းမင်းနှင့် တပ်ဖွဲ့ဝင်များသည် နယ်မြေခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဖမ်းဆီးရမိသော တရားခံ လင်းလင်းကို(ခ)မှဲ့ကြီးအား မကွေးမြို့သစ်မြို့မရဲစခန်း (ပ)၁၇၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး တာချီလိတ်မှ မကွေးရဲစခန်းသို့ လွှဲပြောင်းနိုင်ရန် ဆောင်ရွက်ထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရပါတယ်။

သတင်းဓာတ်ပုံ - ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013