DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရလက်ထက်တွင် မဆောင်ရွက်နိုင်သည့် ကတိက၀တ်များကို အစိုးရသစ် ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်
DVB
·
January 21, 2016
ဧရာဝတီတိုင်းဒေသကြီးအစိုးရလက်ထက်တွင် မဆောင်ရွက်နိုင်သည့် ကတိက၀တ်များကို အစိုးရသစ် ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်
Donate to DVB

လက်ရှိဧရာဝတီတိုင်းဒေသကြီး အစိုးရလက်ထက်မှာ မဆောင်ရွက်နိုင်တဲ့ ကတိကဝတ် ၃၈၈ ခုကို အစိုးရသစ်လက်ထက်မှာဆက်လက်ဆောင်ရွက်ဖို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ လွှတ်တော်သက်တမ်း ၅ နှစ်အတွင်းမှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆိုမေးခွန်းများနဲ့ပတ်သက်ပြီး လက်ရှိတိုင်းဒေသကြီး အစိုးရက မဆောင်ရွက်နိုင်တဲ့ ကတိကဝတ်စုစုပေါင်း ၃၉၉ ခုရှိပါတယ်။ အဲ့ကတိကဝတ်တွေ ထဲက ကတိကဝတ်စုစုပေါင်း ၃၈၈ ခုကို အစိုးရအသစ် လက်ထက်မှာဆက်လက်ဆောင်ရွက်ဖို့နဲ့ ကတိကဝတ် ၁၁ ခုကို ပယ်ဖျက်ပေးဖို့ တိုင်းအစိုးအဖွဲ့က ဇန်နဝါရီလ ၂၁ ရက်နေ့က ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ တင်ပြပြီး လွှတ်တော်က အတည်ပြုမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။

ကတိကဝတ် ၃၈၈ ခုမှာ ဘဏ္ဍာရေးအခြေအနေအရ ဆက်လက်မဆောင်ရွက်နိုင်တာကြောင့် အစိုးရသစ်လက်ထက်မှာ ဆက်လက်ဆောင်ရွက်ဖို့နဲ့ ကျန်ကတိကဝတ် ၁၁ ခုမှာ ပြည်ထောင်စု အဆင့်က စဉ်ဆက်မပျက် ဆက်လက်ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ပယ်ဖျက်ပေးဖို့ တင်သွင်းတာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လွှတ်တော်ကို တင်ပြခဲ့တဲ့ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်းကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင် က ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးကတော့ နိုင်ငံရေးသဘောတရားအရ အစိုးရ ပြောင်းလဲမှုတွေ ဖြစ်ပေါ်မှာဖြစ်ပြီး နောက်တက်လာမည့် အစိုးရအနေနဲ့ ယခင်အစိုးရရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်းနဲ့အဆိုများ အပေါ် ဆောင်ရွက်ပေးရမည့် ကတိကဝတ်စုစုပါင်း ၁၃၅၁ ခုရှိပြီး ကတိကဝတ် ၉၅၂ ခုကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013