DVB Logo
Home
မြန်မာသတင်း
ထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံ လုပ်ခလစာရရှိရေးတောင်းဆိုဆန္ဒပြမှု အလုပ်ရှင်လိုက်လျော
DVB
·
January 21, 2016
ထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံ လုပ်ခလစာရရှိရေးတောင်းဆိုဆန္ဒပြမှု အလုပ်ရှင်လိုက်လျော
Donate to DVB

လုပ်ခလစာရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေတဲ့ ထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံက အလုပ်သမားတွေကို ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အလုပ်ရှင်က လုပ်ခလစာပေးချေခဲ့ပါတယ်။

နိုဝင်ဘာလ လုပ်ခလစာရရှိဖို့အတွက် အလုပ်သမား ၂၂၀ ဟာ ရက်ပေါင်း ၄၃ ရက်ကြာ ဆန္ဒပြတောင်းဆိုမှု အပြီးမှာ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကြောင့် လုပ်ခလစာရရှိခဲ့တာပါ။ ဒီလိုအလုပ်ရှင်ဘက်က လုပ်ခလစာ ပေးချေခဲ့ရာမှာ ရက်တွက်ကြေးလိုအပ်မှုတွေနဲ့ လုပ်ခလစာ ငွေကွာဟမှုတွေကိုတော့ အလုပ်သမားတွေက ရင်ဆိုင်ခဲ့ရတာပါ။

လုပ်ခလစာကို အလုပ်ရှင်ဘက်က ပေးချေလိုက်တာကြောင့် ဇန်နဝါရီလ ၂၁ရက်နေ့မှာတော့ ဆန္ဒပြအလုပ်သမား ၂၂၀ ဟာ လုပ်ငန်းခွင်မှာ ပုံမှန်အတိုင်း ပြန်လည် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

ဒီအတွက်လည်း အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ အငြိုးအတေး အာဃာတ တွေ မထားရှိဖို့နဲ့ နောက်တစ်ကြိမ် ထပ်မံမဖြစ်ပွားဖို့ အတွက်လည်း ကတိကဝတ်တွေ ထားရှိခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013