DVB Logo
Home
မြန်မာသတင်း
ပြည်နယ် တိုင်း လွှတ်တော်များ ဖေဖော်ဝါရီ ၈ ရက် စတင်မည်
DVB
·
January 20, 2016
ပြည်နယ် တိုင်း လွှတ်တော်များ ဖေဖော်ဝါရီ ၈ ရက် စတင်မည်
Donate to DVB

လာမယ့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်တွေကို မူလသတ်မှတ်ရက်ထက် နောက်ကျပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ကျမှ စတင်ခေါ်ယူ ကျင်းပမယ်လို့ သက်ဆိုင်ရာ လွှတ်တော်တွေက လွှတ်တော်အမတ်တွေကို အကြောင်းကြားထားပါတယ်။

ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံထားရတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ ပြောပြချက်အရ အရင် ဖေဖော်ဝါရီ ၁ ရက်ခေါ်ထားတဲ့ ပြည်နယ် တိုင်းလွှတ်တော်တွေကို ဖေဖော်ဝါရီ ၈ ရက်ကျမှ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ ဘားအံ ပြည်နယ်လွှတ်တော်အမှတ် ၂ ကနေ အရွေးခံထားရတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးသန်းနိုင်က သူတို့ကို လွှတ်တော်လေ့လာဖို့ ခေါ်ထားတဲ့အကြောင်း ခုလို ပြောပြပါတယ်။

“ကရင်ပြည်နယ်ထဲက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ယောက်ကို လွှတ်တော်လေ့လာဖို့ ခေါ်ထားတယ်။ အန်အယ်လ်ဒီတခုတည်း မဟုတ်ဘူး၊ ပါတီစုံက သတင်းပို့ရမှာက ဇန်န၀ါရီ ၂၅ နဲ့ ၂၆၊ လွှတ်တော်လေ့လာဖို့ နေရမှာက ဖေဖော်ဝါရီ ၂ ရက်အထိဆိုတော့ လွှတ်တော်အသစ်ပါ လေ့လာရမှာပေါ့။”

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို ဖေဖော်ဝါရီ ၈ ရက်ကျမှ စတင်မယ့်အကြောင်း ဇန်န၀ါရီမှာ ၁၉ ရက်မှာ စာပို့ အကြောင်းကြားထားပြီး မန္တလေးတိုင်းလွှတ်တော်ကို ဖေဖော်ဝါရီ ၈ ရက်မှာ စတင်မယ့်အကြောင်းကိုတော့ ဖုန်းဆက်အကြောင်းကြားထားပြီး ဖြစ်ပါတယ်။

အလားတူ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ် စတဲ့ ပြည်နယ်လွှတ်တော်တို့ကို ဖေဖော်ဝါရီ ၈ ရက်မှာ စတင်မှာဖြစ်ပြီး အရွေးခံထားရတဲ့ ကိုယ်စားလှယ်တွေ ပြောဆိုချက်အရ ပြည်နယ် တိုင်းလွှတ်တော်အားလုံး ဖေဖော်ဝါရီ ၈ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။

၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်တွေအရ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့ကလွဲပြီး ကျန်ပြည်နယ် တိုင်းလွှတ်တော်အသီးသီးမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ် အများစု အနိုင်ရထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ အမတ်နေရာအများစု အနိုင်ရထားတဲ့ အန်အယ်လ်ဒီ အစိုးရကပဲ ပြည်နယ် တိုင်း ၀န်ကြီးချုပ်တွေကို ခန့်အပ်မှာဖြစ်ပြီး လွှတ်တော်အသီးသီးရဲ့ ဥက္ကဋ္ဌတွေကလည်း အန်အယ်လ်ဒီကပဲ ဖြစ်ဖို့ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013