DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း တနှစ်ပြည့် မန္တလေးတွင် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
January 20, 2016
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း တနှစ်ပြည့် မန္တလေးတွင် ဆန္ဒပြ (ဓာတ်ပုံ)
1 / 9
Donate to DVB

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း တနှစ်ပြည့်အနေနဲ့ မန္တလေးမြို့မှာ ဇန်န၀ါရီ ၂၀ ရက် မနက်က ဗကသ ကျောင်းသားတွေ ဆန္ဒပြကြပါတယ်။

ဖမ်းဆီးခံကျောင်းသားတွေ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြာက်ရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး စတဲ့ တောင်းဆိုချက်တွေနဲ့ ၂၆ လမ်း၊ ၈၆ လမ်းထောင့်ကနေ ဈေးချို၊အထိ လှည့်လည်ပြီး ဈေးချိုကနေ လျှောက်တာ ဖြစ်ပါတယ်။

ဗကသများအဖွဲ့ချုပ်က ဦးဆောင်တဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းဟာ မနှစ် ဒီအချိန်ကစပြီး မန္တလေး အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ချီတက်ခဲ့တာပါ။

လမ်းတလျှောက်မှာလည်း ဒေသအာဏာပိုင်တွေရဲ့ တားဆီးခြင်းတွေ ခံခဲ့ရပြီး နောက်ဆုံး သာယာဝတီခရိုင် လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။

ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နေ့ကျောင်းတက်တဲ့ တက္ကသိုလ်ကျောင်းသားတချို့ ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် ဗကသ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတချို့ဟာ လက်ရှိအချိန်ထိ နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုထက်မနည်း တရားစွဲဆိုထားခြင်း ခံနေရဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - ကျော်ဇေ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013