DVB Logo
Home
မြန်မာသတင်း
တရားဥပဒေစိုးမိုးရေးအတွက် အရည်အချင်းရှိ ဥပဒေပညာရှင်များ လိုအပ်နေ (သတင်းဓာတ်ပုံ)
DVB
·
January 20, 2016
တရားဥပဒေစိုးမိုးရေးအတွက် အရည်အချင်းရှိ ဥပဒေပညာရှင်များ လိုအပ်နေ (သတင်းဓာတ်ပုံ)
1 / 10
Donate to DVB

တရားဥပဒေစိုးမိုးဖို့အတွက် အရည်အချင်းပြည့်ဝတဲ့ ဥပဒေပညာရှင်တွေ လိုအပ်နေတယ်လို့ လွှတ်တော် တရားဥပဒေစိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နေပြည်တော်၊ Kempinski ဟိုတယ်မှာ ဇန်န၀ါရီ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပတဲ့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ဗဟိုကော်မတီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားလိုက်တာပါ။

"တရားဥပဒေစိုးမိုးဖို့ဆိုရင် တောင့်တင်းခိုင်မှာတဲ့ ဥပဒေနဲ့ပတ်သက်တဲ့ အထောက်အကူတွေ လိုပါတယ်။ ဥပဒေနဲ့ပတ်သက်တဲ့ အထောက်အကူတွေ ဆိုတာဟာ ကျမတို့ လွှတ်တော်တခုနဲ့တင် မပြီးပါဘူး။ ကျမတို့ တရားစီရင်ရေး တရားရုံးတွေနဲ့ မပြီးပါဘူး။ အင်မတန်မှ မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ရည်ကိုင်ရည်နဲ့ ပြည့်စုံတဲ့ ဥပဒေပညာရှင်များ လိုပါတယ်။ ဒီလို ဥပဒေပညာရှင်တွေ ထွက်ပေါ်ဖို့ ဆိုတာကတော့ ပညာရေးစနစ်နဲ့ပဲ ဆိုင်ပါတယ်။ ကျမတို့ ရှေ့နေကြီးတွေအားလုံး သိတဲ့အတိုင်းပဲ မြန်မာနိုင်ငံမှာဆိုရင် ဥပဒေပညာကို အလေးမထားခဲ့တာ တန်ဖိုးမထားခဲ့တာ တော်တော်ကြာပါပြီ။ ဥပဒေပညာသင်နေတဲ့ ကျောင်းသားတွေကိုဆိုရင် လူတွေက အထင်မကြီးကျပါဘူး။ ကျမတို့ တချိန်တခါတုန်းက မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ အများကြီး ကွာခြားသွားတာ ဖြစ်ပါတယ်။" လို့ ပြောပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေအသင်း (အိုင်အယ်လ်အေအမ်) ကို လိုင်စင်ရ အထက်တန်းရှေ့နေတွေနဲ့ တရားလွှတ်တော်ချုပ်ရှေ့နေအားလုံး အဖွဲ့ဝင်အဖြစ် ၀င်ခွင့်ရှိမှာပါ။

ဒါ့အပြင် ချိန်ဘာ ကျောင်းသူကျောင်းသားတွေနဲ့ ဥပဒေ ကျောင်းသားကျောင်းသူတွေဟာ အရန်အသင်းသား ဖြစ်နိုင်သလို ဥပဒေကို စိတ်ဝင်စားတဲ့ ကျွမ်းကျင်ပညာရှင်တွေဟာလည်း ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း၊ အောင်ကိုကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013