Home
သတင်းဓာတ်ပုံ
ပုလဲ-ဂန့်ဂေါလမ်းတွင် ဇာတ်အဖွဲ့ကား တိမ်းမှောက်၊ ၃ ဦးသေဆုံး (သတင်းဓာတ်ပုံ)
DVB
·
January 20, 2016
12573063_1720401331579558_8085078628729274393_n
12548844_1720401378246220_1909709813033771162_n
12524055_1720401344912890_1408266704386405587_n
12439205_1720401358246222_5590793995414795624_n
မန္တလေးမှ ကလေးမြို့ကို ထွက်ခွာလာတဲ့ ရွှေလှမ်းတက် ဇာတ်အဖွဲ့ကားဟာ ဇန်နဝါရီ ၁၉ ရက်က ပုလဲ-ဂန့်ဂေါလမ်း မိုင်တိုင် ၅၇-၅၈ အကြား မနက် ၇ နာရီအချိန်က တိမ်းမှောက်ခဲ့ပါတယ်။ တိမ်းမှောက်မှုကြောင့် ဇာတ်အဖွဲ့ ခေါင်းဆောင်မင်းသမီး မဂျူးနဲ့ ဇာတ်အဖွဲ့သား ၃ ဦး သေဆုံးသွားခဲ့ပြီး ဇာတ်သူဇာတ်သား အယောက် ၂၀ လည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံသတင်းထောက်က ပြောပါတယ်။ သေဆုံးသူတွေကို ပုလဲဆေးရုံမှာ ထားခဲ့ရပြီး ကျန်သူတွေကိုတော့ မုံရွာဆေးရုံ လွှဲလိုက်တယ်လို့ မုံရွာဆေးရုံကို လူနာလာရောက်ပို့ဆောင်တဲ့ ပုလဲမြို့နယ် လဲကံကျေးရွာ ရဲစခန်းက တပ်ကြပ်ကြီး ဘဂျမ်းက ပြောပါတယ်။ ကားတစီးလုံးမှာ စီးနင်းလိုက်ပါလာသူ ၄၁ ဦးရှိပြီး ကားမှောက်လို့ ဒဏ်ရာရရှိတဲ့ အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား ၃ ဦးတို့ကို ပုလဲမြို့နယ်က လူမှုရေးကားနဲ့ မုံရွာဆေးရုံ ပို့ဆောင်ထားပါတယ်။ တိမ်းမှောက်ခဲ့တဲ့ကားဟာ ကလေးမြို့နယ်ကို သွားရောက်ဖျော်ဖြေမယ့် ဇာတ်အဖွဲ့ စီးနင်းလာတဲ့ကား ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ရန်နိုင်စိုး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024