မလေးရှားရောက်မြန်မာများ လုံခြုံရေး သတိပေးချက် သံရုံးထုတ်ပြန်
DVB
·
January 19, 2016

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ဆာလာရန်းနယ်မြေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး လုံခြုံရေး သတိထားကြဖို့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးက အသိပေး နှိုးဆော်ပါတယ်။
ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာသံရုံးက ဇန်နဝါရီ ၁၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဆာလာရန်းနယ်မြေမှာ ဒေသခံ အိန္ဒိယနွယ်ဖွား မလေးရှားနိုင်ငံသားတွေနဲ့ တရားမဝင် ရောက်ရှိနေထိုင်နေတဲ့ မြန်မာမွတ်ဆလင် အဖွဲ့အစည်းနှစ်ခုအကြား ဂိုဏ်းဂဏဖွဲ့ နယ်မြေလု အငြင်းပွားရာမှ ပဋိပက္ခအသွင်ဆောင်ကာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး သေဆုံး၊ ဒဏ်ရာရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေမှာ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အနေဖြင့် အဆိုပါနယ်မြေသို့ သွားရောက်ခြင်း မပြုကြဖို့နဲ့ လုံခြုံရေးအသိနဲ့ အထူးသတိထား သွားလာကြဖို့ မြန်မာသံရုံးက သတိပေးထားပါတယ်။